26 C
Yangon

ပေါက်မြို့နယ်တွင် လမ်းလုံခြုံရေးယူနေသော စစ်ကောင်စီ တပ်သားများ မိုင်းဆွဲ တိုက်ခိုက်ခံရပြီးနောက် အုန်းတော (မြောက်စု) ရွာကို စစ်တပ်က ရွာလုံးကျွတ် မီးရှို့ ဖျက်ဆီး

Must read

ပေါက်မြို့နယ်တွင် လမ်းလုံခြုံရေးယူနေသော စစ်ကောင်စီ တပ်သားများ မိုင်းဆွဲ တိုက်ခိုက်ခံရပြီးနောက် အုန်းတော (မြောက်စု) ရွာကို စစ်တပ်က ရွာလုံးကျွတ် မီးရှို့ ဖျက်ဆီး

ရန်ကုန်၊ မတ် ၂၆

မကွေးတိုင်း၊ ပေါက်မြို့နယ်တွင် လမ်းလုံခြုံရေးယူနေသော စစ်ကောင်စီ တပ်သားများ မိုင်းဆွဲ တိုက်ခိုက်ခံရပြီးနောက် အုန်းတော (မြောက်စု) ရွာကို စစ်တပ်က ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၂၆ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်ခန့်တွင် ပခုက္ကူမြို့မှ ထွက်လာသည့် စစ်တပ်ယာဉ်တန်းကို လုံခြုံရေးယူပေးနေသောာ ပေါက်မြို့နယ်နှင့် ယာကြီးပြင် မှ စစ်သားနှင့် ပျူစောထီးများ မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက် စစ်ကောင်စီတပ်သားများက အနီးအနားရှိ အုန်းတော (မြောက်စု) ရွာကို ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

“ပေါက်မြို့နယ်၊ အုန်းတော မြောက်စုရွာကို ဒီနေ့ ညနေ ၅ နာရီ ၃၀ မိနစ် ဝန်းကျင်က မီးရှို့သွားတာပါ။ တစ်ရွာလုံး မကျန်လောက်တော့ပါဘူး။ ရွာထဲမှာ ရွာသူရွာသားတွေ မနေရတာကြာပါပြီ စစ်ခွေးတွေက စစ်ကြောင်းမထိုးသေးပါဘူး။ ပခုက္ကူကနေ ကားတန်းထွက်ပါတယ်။ မင်းတပ်ကို သွားမယ်လို့ ခန့်မှန်းကြတယ်။ ခုက ကားတန်းက ကံမ မှာပဲ ရှိသေးတာပါ အဲ့ ကားတန်းက စစ်ခွေးတွေမရောက်သေးပါဘူး။ ခုက ပေါက်နဲ့ ယာကြီးပြင်မှာ ရှိတဲ့ ပျူခွေးတွေနဲ့ စစ်ခွေးတွေက သူတို့ကို မိုင်းဆွဲခံရလို့ ခုလို ပြန်လုပ်လိုက်တာပါ။ တစ်ရွာလုံးတော့ ပြာကျပါပြီ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article