22 C
Yangon

စလင်းမြို့နယ်၊ ငလှိုင်တွင်းရွာရှိ စစ်တပ်ဂိတ်က ငလှိုင်တွင်းမှော်ထဲကို ဈေးလာရောင်းသည့် လူငယ် ၁ ဦးကို တော်လှန်ရေး ထောက်ပို့လုပ်သည်ဟု စွပ်စွဲကာ ဖမ်းဆီး နှိပ်စက်မှုကြောင့် သေဆုံး

Must read

ရန်ကုန်၊ မတ် ၂၇

မကွေးတိုင်း၊ စလင်းမြို့နယ် ငလှိုင်တွင်းရွာ အနောက်ဘက်ရှိ အကြမ်းဖက် စစ်တပ်ဂိတ်က ငလှိုင်တွင်းမှော်ထဲကို ဈေးလာရောင်းသည့် မောင်နေလင်းမောင်ကို PDF ထောက်ပို့ဟု စွပ်စွဲကာ ဖမ်းဆီး နှိပ်စက်မှုကြောင့် သေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၂၅ ရက်နေ့တွင် မွန်းလွဲ ၁ နာရီခန့်တွင် စလင်းမြို့နယ် အောက်လှိုင်းရွာမှ အသက် ၁၉ နှစ်အရွယ် မောင်နေလင်းမောင်ကို အကြမ်းဖက် စစ်သားများက ဈေးရောင်းအပြန်တွင် ဖမ်းဆီးခဲ့ပြီး ညပိုင်း ပြန်လွှတ်ချိန်တွင် နှိပ်စက်ဒဏ်များကြောင့် အသက်ရဲ့ရဲ့သာ ကျန်တော့ပြီး ၎င်း၏ နေအိမ်တွင်ပင် သေဆုံးသွားခြင်း ဖြစ်ကြောင်း ဒေသပြည်သူများက ပြောကြားသည်။

“သေဆုံးသွားတဲ့ ကလေးကို ည ၉နာရီလောက်မှ ပြန်လွှတ်ပေးတယ်တဲ့။ ည ပြန်လွှတ်ပေးကထဲက ကလေးက အသက်က ရဲ့ရဲ့ပဲပါတယ်ပြောတယ်။ အနီးနားရွာက ကျန်းမာရေးမှူးကိုလည်း ဆေးကုသခွင့်မပေးဘူးတဲ့”ဟု ဒေသပြည်သူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

အကြမ်းဖက်စစ်တပ်သည် မောင်နေလင်းမောင်ကို ဖမ်းဆီးသွားသည်ကို သိရှိရ၍ ၎င်း၏ မိသားစုဝင်များက ငလှိုင်တွင်း ရွာရှိ မိတ်ဆွေများကို အကူအညီလှမ်းတောင်းချိန်တွင် အကြမ်းဖက်စစ်တပ်က ၎င်းကို ‘လက်နဲ့တောင် မထိဘူး’ ဟု ပြန်လည်ပြောကြားခဲ့သော်လည်း မောင်နေလင်းမောင် ပြန်လွတ်လာချိန်တွင် နှိပ်စက်ခံရသည့်ဒဏ်များကြောင့် သေဆုံးသွားကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #တော်လှန်ရေး ထောက်ပို့

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article