25 C
Yangon

ကော့ကရိတ်မြိုနယ်ရှိ စစ်ကောင်စီ၏ ထီးကပလယ် စခန်းကို တိုက်ခိုက်သိမ်းပိုက်ရန် KNLA ၊ KTLA ၊ PDF အပါအဝင် ပူးပေါင်းတပ်များ ထိုးစစ်ဆင် တိုက်ခိုက်နေ

Must read

ရန်ကုန်၊ မတ် ၂၇

ကရင်ပြည်နယ်၊ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၆ နယ်မြေ၊ မြဝတီမြို့နှင့် ကော့ကရိတ်မြို့နယ် အစပ် ဝေါလေဒေသရှိ စစ်တပ်၏ ထီးကပလယ် တပ်စခန်းကို KNLA၊ ကော်သူးလေတပ်မတော် (KTLA )၊ PDF တပ်များ အပါအဝင် ပူးပေါင်းတပ်များ ထိုးစစ်ဆင် တိုက်ခိုက်နေပြီး တိုက်ပွဲ ပြင်းထန်နေကြောင်း KTLA သတင်းနှင့် ပြန်ကြားရေးအဖွဲ့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၁၂ ရက်နေ့မှစတင်၍ အဆိုပါ ထီးကပလယ် စခန်းကို KTLA အပါအဝင် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်နေခြင်းဖြစ်ပြီး စခန်းသိမ်းတိုက်ပွဲ ဆင်နွှဲနေသည်မှာ ယနေ့အချိန်အထိ (၁၅) ရက် ကြာမြင့်ပြီ ဖြစ်ကြောင်း၊ ယင်း စခန်းကို သိမ်းပိုက်နိုင်ရေး တိုက်ခိုက်နေရာတွင် စစ်ကောင်စီတပ်က လေကြောင်းဖြင့် လာရောက်ပစ်ခတ်မှုများရှိသည့်အပြင် ဝေါ်လေဗျူဟာကုန်းမှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုလည်းရှိသည်ဟု KTLA သတင်းနှင့် ပြန်ကြားရေးအဖွဲ့က ပြောဆိုသည်။

KTLA သတင်းနှင့် ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက “ လေယာဉ် ပစ်ကူ ၂ ရက် လာတယ် ပထမ တစ်ရက်မှာ နှစ်ကြိမ် ပစ်တယ်။ ဒုတိယ တစ်ရက်မှာ ၃ ကြိမ် တိတိ ဗုံးကြဲ တိုက်ခိုက်တယ်။ စစ်ကောင်စီက ဒုတိယနေ့မှာ ပေါင် ၅၀၀ အားဗုံးတွေ သုံးတယ် “ ဟု KTLA သတင်းနှင့် ပြန်ကြားရေးအဖွဲ့က ပြောဆိုသည်။

အဆိုပါ စခန်းသိမ်းတိုက်ပွဲကာလအတွင်း ကော်သူးလေတပ်မတော် ပူးပေါင်းတပ်ဖွဲဝင်များက စခန်းကုန်းပေါ်ထိ တက်ရောက်တိုက်ပွဲဆင်နွှဲနိုင်ခဲ့သော်လည်း ဝေါ်လေဗျူဟာကုန်းတွင် အထိုင်ချထားသော တပ်ဖွဲ့ဝင်များက ၁၂၂ မမ ဟောင်ဝစ်ဇာအမြောက်ကြီးဖြင့် ပစ်ကူပေးနေခြင်း၊ လေကြောင်းတိုက်ခိုက်မှု (၅) ကြိမ်တိုင်ပြုလုပ်ခဲ့ခြင်းများကြောင့် အပြီးသတ် သိမ်းပိုက်နိုင်ရန် ခက်ခဲသော အနေအထား၌ ရှိနေဆဲဖြစ်ကြောင်း သိရှိရသည်။

ထိုစခန်းသိမ်းတိုက်ပွဲတွင် ကော်သူးလေတပ်မတော်မှ Black Rainbow တပ်ရင်း၊ Tiger တပ်ရင်း၊ ကဆောဝါးတပ်ရင်း၊ KTLA အထူးကွန်မန်ဒို တပ်ရင်း ၊ Karen Special Black Forces တပ်ရင်းနှင့် ဗဟိုဌာနချုပ် ဗျူဟာစစ်ကြောင်း (၂) ကြောင်းနှင့် KNLA (၁၀၃) တပ်ရင်း၊ DKBA ခွဲထွက်အဖွဲ့များ ပူးပေါင်းတိုက်ခိုက်နေခြင်း ဖြစ်ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #ကော့ကရိတ်မြိုနယ် #KNLA ၊ KTLA ၊ PDF

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article