25 C
Yangon

ဖာပွန်ခရိုင်ရှိ ကျေးရွာများကို စစ်တပ်က လေကြောင်း၊ ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှုကြောင့် အသက် ၄ နှစ် အရွယ် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၂ ဦးသေဆုံး

Must read

ဖာပွန်ခရိုင်ရှိ ကျေးရွာများကို စစ်တပ်က လေကြောင်း၊ ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှုကြောင့် အသက် ၄ နှစ် အရွယ် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၂ ဦးသေဆုံး

ရန်ကုန်၊ မတ် ၂၇

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လေကြောင်း၊ ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် အသက် ၄ နှစ်အရွယ် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၂ ဦးသေဆုံးခဲ့ကြောင်း KNU မူတြော်က ထုတ်ပြန်ထားသည်။

မတ်လ ၂၆ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်က ဂျက်တိုက်လေယာဉ်ဖြင့် ဖာပွန်မြို့အတွင်းကို ဗုံးသီး ၄ လုံးကျဲချခဲ့ကြောင်း၊ ထို့ပြင် လူသောမြို့နယ်၊ ဘောသေထာကျေးရွာအုပ်စုအတွင်းရှိ နီးဒိုထာ၊ တာဒိုထာနှင့် ထူမောဒဲရွာများကို အကြမ်းဖက် စစ်တပ် ဒရုန်းဖြင့် ဗုံးသီး ၄၀ လုံး ကျဲချတိုက်ခိုက်ခဲ့ပြီး ယင်း တိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက် ဒဏ်ရာရရှိမှု အခြေအနေကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

မတ်လ ၂၅ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၁၂ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က ဘူးသိုမြို့နယ်၊ မယ်ညုကျေးရွာအုပ်စုအတွင်းရှိ ကလောထာ ကျေးရွာအတွင်းကို ဒရုန်းသီးများ ကျဲချခဲ့ရာ ပြည်သူနေအိမ် ၄ လုံး ထိခိုက် ပျက်စီးသွားကာ အိမ်မွေးတိရစ္ဆာများဖြစ်သည့် ဝက် ၃ ကောင်၊ ဆိတ် ၂ ကောင်နှင့် ခွေး ၁ ကောင် သေဆုံးခဲ့ကြောင်း သိရှိရသည်။

ယင်းနေ့ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ် မှ ၁၂ နာရီ ၄၆ မိနစ် အတွင်း အကြမ်းဖက် စစ်တပ်က ဘူးသိုမြို့နယ်၊ မယ်ကလောကျေးရွာအုပ်စုအတွင်းရှိ ဘော့ထာကျေးရွာ နှင့် ဘောသေထာကျေးရွာအုပ်စုအတွင်းရှိ နီးဒိုထာကျေးရွာအတွင်းကို ဒရုန်းဗုံးသီး ၄၁ လုံး ကျဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အလားတူ မတ်လ ၂၄ ရက်နေ့ ညနေ ၅ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်က ဖာပွန်မြို့ အတွင်းကို ဒရုန်းဗုံးသီးများ ကျဲချတိုက်ခိုက်ခဲ့ခြင်းကြောင့် အသက် ၅၀ နှစ်အရွယ် စောမြခြယ်နှင့် အသက် ၄ နှစ်အရွယ် ချိုအေး တို့ သေဆုံးခဲ့ပြီး အသက် ၃၈ နှစ်အရွယ် အေးအေးဖြူ ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

မတ်လ ၂၄ ရက်နေ့မှ မတ်လ ၂၆ ရက်နေ့ အထိ အကြမ်းဖက် စစ်တပ်၏ နေ့စဥ် ဒရုန်းဗုံးသီး ကျဲချ တိုက်ခိုက်မှုကြောင့် ပြည်သူ ၄၀၀ ဦးခန့် ဘေးလွတ်ရာ ဘောသေထာကျေးရွာအုပ်စုအတွင်းကို တိမ်းရှောင်နေရကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article