ကျိုက်ထိုသပိတ်စစ်ကြောင်း ဖြိုခွဲခံရမှုနှင့် ရဲဘော်ကိုအောင်ညီထွေးကျဆုံးခြင်း ၃ နှစ်ပြည့် အိမ်တွင်းသပိတ်ပြုလုပ်
ရန်ကုန်၊ မတ် ၂၇
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့တွင် ၂၀၂၁ မတ်လ ၂၇ ရက်နေ့ ဖက်ဆစ်တော်လှန်ရေးနေ့မှာ သပိတ်စစ်ကြောင်း အကြမ်းဖက်ဖြိုခွဲခံရမှုနှင့် ဖက်ဆစ်စစ်တပ်၏ လူမဆန်စွာ ပစ်ခတ်ဖြိုခွဲမှုကြောင့် ရဲဘော် ကိုအောင်ညီထွေး ကျဆုံးခဲ့ရခြင်း ၃ နှစ်ပြည့် အောက်မေ့ဖွယ်အထိမ်းအမှတ်အဖြစ် ကျိုက်ထိုမြို့ရှိ မြို့နေပြည်သူများက အိမ်တွင်းသပိတ်ပြုလုပ်ခဲ့ကြောင်း သိရသည်။