33 C
Yangon

လွယ်ဂျယ်နယ်စပ်ဂိတ်အနီးရှိ စစ်ကောင်စီတပ်စခန်းကြီး ၂ ခုကို KIA က သိမ်းပိုက်နိုင်ပြီဟုဆို

Must read

လွယ်ဂျယ်နယ်စပ်ဂိတ်အနီးရှိ စစ်ကောင်စီတပ်စခန်းကြီး ၂ ခုကို KIA က သိမ်းပိုက်နိုင်ပြီဟုဆို

ရန်ကုန်၊ မတ် ၂၈

ကချင်ပြည်နယ်၊ ဗန်းမော်-လွယ်ဂျက် လမ်းတစ်လျှောက်ရှိ စစ်ကောင်စီတပ်စခန်းများကို KIA က ယမန်နေ့မှ စတင်၍ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်စခန်းကြီး ၂ ခုကို သိမ်းပိုက်ရရှိပြီဖြစ်ကြောင်း KIA သတင်းရင်းမြစ်တချို့က ပြောဆိုသည်။

မတ်လ ၂၇ ရက်နေ့ နံနက် ၇ နာရီမှစတင်၍ ကချင်ပြည်နယ် ဗန်းမော်-လွယ်ဂျယ် လမ်းတစ်လျှောက် တိုက်ပွဲပြင်းထန်နေပါတယ်…..စကစ စခန်း ၇ ခု ကို KIA ဦးဆောင်သော ပူးပေါင်းတပ်ဖွဲ့များက တစ်ချိန်တည်း၊ တစ်ပြိုင်နက်တည်း ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း၊ စစ်တပ်က လေကြောင်း သုံး၍ ခုခံ ပစ်ခတ်တိုက်ခိုက်ခဲ့သည့်ကြားမှ စခန်းကြီး ၂ ခုကို သိမ်းပိုက်ရရှိခြင်းဖြစ်ကြောင်း သိရှိရသည်။

တရုတ်-မြန်မာနယ်စပ်၊ လွယ်ဂျယ် နယ်စပ်ဂိတ်အနီးတွင် စစ်ကောင်စီတပ်စခန်း ၁၀ ခုခန့်ရှိပြီး စစ်ကောင်စီတပ်စခန်းများမှာ စိန်လုံ ၊ ယောရုံ ၊ ရှန်တိုင် ၊ ဘန်ယောင် ၊ လော့ဒန် ၊ လော့မွန် အပါအဝင် စစ်တပ်စခန်းများ ဖြစ် ကြောင်း၊ ယင်းတို့ထဲတွင် လော့ဒန်နှင့် လော့မွန် စစ်ကောင်စီတပ်စခန်းကြီး ၂ ခုကို သိမ်းပိုက်ရရှိခဲ့ကြောင်း သိရှိရသည်။

“မနေ့ ညနေပိုင်းမှာ လော့ဒန် နဲ့ လော့မွန် တပ်စခန်းတွေကို သိမ်းပြီးပြီဆိုတဲ့ သတင်းတွေတော့ ရရှိထားပါတယ်။ အသေးစိတ်တော့ သေသေချာချာ မသိရသေးဘူး။ မြေပြင်အခြေအနေကတော့ ဘာမှ မရသေးဘူး။ စခန်းသိမ်းတာတောင် သေချာမပြောနိုင်သေးဘူး။ တိုက်ပွဲတွေ ပြင်းထန်နေလို့။ လေယာဉ်တွေလည်း တောက်လျှောက်ပဲ။ လက်နက်ကြီးတွေလည်း ပစ်နေတယ်” ဟု KIA သတင်းရင်းမြစ်တစ်ခုက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article