39 C
Yangon

ရန်ကုန်တွင် စစ်မှုထမ်းရန် ဆင့်ခေါ်ထားသည့် လူငယ်များကို မင်္ဂလာဒုံ အရိုးအကြော စစ်ဆေးရုံတွင် ဆေးစစ်မှုများ ပြုလုပ်မည်ဖြစ်ပြီး ပြည်သူများက ကြိုဆိုကြသည်ပုံစံ လုပ်ကြံ ဖန်တီးကြိုဆိုရန် စစ်တပ်က ပြင်ဆင်ထား

Must read

ရန်ကုန်တွင် စစ်မှုထမ်းရန် ဆင့်ခေါ်ထားသည့် လူငယ်များကို မင်္ဂလာဒုံ အရိုးအကြော စစ်ဆေးရုံတွင် ဆေးစစ်မှုများ ပြုလုပ်မည်ဖြစ်ပြီး ပြည်သူများက ကြိုဆိုကြသည်ပုံစံ လုပ်ကြံ ဖန်တီးကြိုဆိုရန် စစ်တပ်က ပြင်ဆင်ထား

ရန်ကုန်၊ မတ် ၂၈

ရန်ကုန်တိုင်းတစ်တိုင်းတွင် ယနေ့ စစ်မှုထမ်းရန် ဆင့်ခေါ်ထားသည့် လူငယ်များကို မင်္ဂလာဒုံရှိ အရိုးအကြော စစ်ဆေးရုံတွင် ဆေးစစ်မှုများ ပြုလုပ်မည်ဖြစ်ပြီး လူငယ်များကို ပြည်သူများက ကြိုဆိုကြသည့်ပုံစံ လုပ်ကြံ ဖန်တီးကြိုဆိုကြရန် စစ်ကောင်စီက ပြင်ဆင်ထားကြောင်း သိရှိရသည်။

ယနေ့ မတ်လ ၂၈ ရက်နေ့တွင် စစ်မှုထမ်းရန် မဲပေါက်ထားသော လူငယ်များသည် တိုင်းနှင့်ခရိုင် စုရပ်များသို့ လာရောက်ရမည်ဖြစ်ပြီး ယင်းနောက် မင်္ဂလာဒုံ အရိုးအကြော စစ်ဆေးရုံတွင် ဆေးစစ်မှုများ လုပ်ဆောင်ရမည်ဖြစ်ကြောင်း သိရှိရသည်။

“စစ်မှုထမ်းမယ့်သူတွေကို ခရိုင်ရုံးက တစ်ဆင့် မင်္ဂလာဒုံစစ်ဆေး အရိုးအကြောဆေးရုံမှာ ဆေးစစ်မယ်။ ဆေးစစ်ဖို့ ပို့ဆောင်ခံရမယ့် သူတွေကို ပြည်သူတွေက အားရဝမ်းသာ ထောက်ခံကြိုဆိုတဲ့ ပုံစံ သတင်းလွှင့်ဖို့ ရုပ်သံ လွှင့်ဖို့ ဝန်ထမ်းတွေနဲ့ စစ်တပ်မိသားစုတွေကို အရပ်ဝတ်တွေနဲ့ ပန်းကုံးသွားစွပ်ခိုင်းတယ်။ ကြိုဆိုခိုင်းထားတယ်” ဟု ရန်ကုန်တိုင်းစစ်ကောင်စီသတင်းရင်းမြစ်က ပြောဆိုသည်။

ယနေ့ ရန်ကုန်တိုင်းတစ်တိုင်းလုံးမှ စစ်မှုထမ်းရန် မဲပေါက်သူများကို စစ်ဆေးမည်ဖြစ်ပြီး ဆေးစစ်ပြီးနောက် သက်ဆိုင်ရာ တပ်ရင်းတပ်ဖွဲ့များတွင် ယာယီ နေထိုင်ကြရမည်ဖြစ်ကြောင်း၊ ယင်းနောက် သင်္ကြန်အပြီး မေလထဲတွင် စတင် တာဝန်ထမ်းဆောင်ရမည်ဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- စစ်မှုထမ်းရန် စုဆောင်းခံရသည့် လူငယ်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article