32 C
Yangon

အုတ်ဖို၊ ထန်းပင်ကုန်းနှင့် ကြယ်နီကုန်းကျေးရွာအကြား ဗိုလ်ရုံစု စစ်ဆေးရေးဂိတ်တွင် တပ်စွဲထားသည့် စစ်တပ်ကို တိုက်ခိုက်မှု စစ်သား ၁၀ ဦးသေဆုံးပြီး ၆ ဦး ဒဏ်ရာရ

Must read

အုတ်ဖို၊ ထန်းပင်ကုန်းနှင့် ကြယ်နီကုန်းကျေးရွာအကြား ဗိုလ်ရုံစု စစ်ဆေးရေးဂိတ်တွင် တပ်စွဲထားသည့် စစ်တပ်ကို တိုက်ခိုက်မှု စစ်သား ၁၀ ဦးသေဆုံးပြီး ၆ ဦး ဒဏ်ရာရ

ရန်ကုန်၊ မတ် ၂၈

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ ထန်းပင်ကုန်းနှင့် ကြယ်နီကုန်းကျေးရွာတို့အကြားရှိ ဗိုလ်ရုံစုစစ်ဆေးရေးဂိတ်တွင် တပ်စွဲထားသည့်စစ်တပ် ကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၁၀ ဦးသေဆုံးပြီး ၆ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုမှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၂၇ ရက်နေ့ နံနက် ၄ နာရီ ၄၇ မိနစ်အချိန်ခန့်တွင် အဆိုပါ စစ်တပ် စစ်ဆေးရေးဂိတ်ကို လက်နက်ကြီး လက်နက်ငယ်များဖြင့် သွားရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ၇၉ ဗုံးသီး၂ လုံးနှင့် လက်လုပ် ၄၀မမ ဗုံးသီး ၄ လုံး စစ်တပ်၏ ဂိတ်စခန်း ဘန်ကာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ကင်းတာဝန်ကျ အကြမ်းဖက်စစ်သား ၂ဦးကို အနီးကပ် ပစ်ခတ်ရှင်းလင်းနိုင်ခဲ့ကြောင်း၊ တိုက်ပွဲသည် ၃၂မိနစ် ကြာမြင့်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်သားများဘက်က အထိနာသဖြင့် ခမရ ၆ တိမ်မြုပ်တပ်က လက်နက်ကြီး ပစ်ကူပေးပြီး စစ်ကူများ ရောက်ရှိလာသောကြောင့် ဆုတ်ခွာခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ ပြန်ကြာရေးတာဝန်ခံ ရဲဘော်ဇော်ကြီးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

“စခဘက်က သေတာ တော်တော်များတယ်။စခ ၂ ကောင်ကို အရင်ဆုံး အနီးကပ် AK နဲ့ ပစ်တာသေတယ်။ အဲဒါပြီးမှ လက်နက်ကြီးတွေနဲ့ ဆက်ထုတော့ ၇၉ နှစ်လုံးရယ်၊ ၄၀မမလက်လုပ် လေးလုံးက စခဘန်ကာထဲကျပြီးကွဲတာမှာ စခတွေသေပြီး ဒဏ်ရာရတာ “ဟု သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ ပြန်ကြာရေးတာဝန်ခံ ရဲဘော်ဇော်ကြီးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

တိုက်ပွဲအတွင်း အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှု များပြားပြီး စခန်းသိမ်းခါနီးတွင် ခမရ ၆ ထဲမှ ၁၂၀မမ များနှင့် ပစ်ခတ်ကာ စစ်ကူများ ရောက်ရှိလာသည့်အတွက် ပြန်လည်ဆုတ်ခွာခဲ့ခြင်း ဖြစ်ကြောင်း၊ တိုက်ခိုက်မှုအတွင်း ရဲဘော် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်တပ်က ပစ်ခတ်သည့် လက်နက်ကြီးကြောင့် ထန်းပင်ကုန်းကျေးရွာ အနောက်ကုန်း ဘုန်းကြီး ကျောင်းဝန်းထဲရှိ သိမ်​နှင့် ဆွမ်းစားဆောင်တို့ ပျက်စီးခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို ထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article