39 C
Yangon

စစ်မှုမထမ်းမနေရ ဥပဒေနှင့် အရန်တပ်ဖွဲ့ဥပဒေကြောင့် ကာကွယ်ရးအင်အား မြင့်တက်လာမည်ဖြစ်ပြီး လုပ်ဆောင်သင့် လုပ်ဆောင်ထိုက်သည်များ ဆက်လက်ဆောင်ရွက်မည်ဟု အကြမ်းဖက်မင်းအောင်လှိုင်ပြောဆို

Must read

စစ်မှုမထမ်းမနေရ ဥပဒေနှင့် အရန်တပ်ဖွဲ့ဥပဒေကြောင့် ကာကွယ်ရးအင်အား မြင့်တက်လာမည်ဖြစ်ပြီး လုပ်ဆောင်သင့် လုပ်ဆောင်ထိုက်သည်များ ဆက်လက်ဆောင်ရွက်မည်ဟု အကြမ်းဖက်မင်းအောင်လှိုင်ပြောဆို

ရန်ကုန်၊ မတ် ၂၈

မြန်မာနိုင်ငံတွင် စစ်ကောင်စီက ကျင့်သုံးနေသည့် စစ်မှုမထမ်းမနေရ ဥပဒေနှင့် အရန်တပ်ဖွဲ့ဥပဒေကြောင့် ကာကွယ်ရးအင်အား မြင့်တက်လာမည်ဖြစ်ပြီး လုပ်ဆောင်သင့် လုပ်ဆောင်ထိုက်သည်များ ဆက်လက်ဆောင်ရွက်မည်ဟု အကြမ်းဖက်မင်းအောင်လှိုင်ပြောဆိုလိုက်သည်။

ယမန်နေ့ စစ်ကောင်စီ၏ ၇၉ နှစ်ပြည့် စစ်တပ်နေ့ အခမ်းအနားတွင် ၎င်းက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။

စစ်မှုမထမ်းမနေရ ပြည်သူ့စစ်မှုထမ်းဥပဒေကို ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင်လည်းကောင်း၊ အရန်တပ်ဖွဲ့ ဥပဒေကို ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင်လည်းကောင်း အသက်သွင်းခဲ့ကြောင်း၊ ယင်းဥပဒေနှစ်ရပ်ကြောင့် စစ်သားအင်အားများပြားပြီး ကာကွယ်ရေးအင်အား မြင့်တက်လာမည်ဖြစ်ကြောင်း၊ ထို့နောက် လုပ်သင့်လုပ်ထိုက်သည်များကို ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မင်းအောင်လှိုင်က ကြွေးကြော်သည်။

“‘ဒီဥပဒေနှစ်ရပ်ကို အကောင်အထည်ဖော်ဆောင်ရွက်တာကြောင့် ကာကွယ်ရေးအင်အားကို အထိုက်အလျောက် မြင့်တက်လာစေမှာဖြစ်ပြီး အဲဒီကမှတစ်ဆင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးအတွက် လုပ်ဆောင်သင့် လုပ်ဆောင်ထိုက်တာတွေကို တစ်ဆင့်ပြီး တစ်ဆင့် ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောကြားလိုတယ်” ဟု အကြမ်းဖက် မင်းအောင်လှိုင်က ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီက လာမည့် ဧပြီလကုန်မှစတင်၍ တစ်လလျှင် စစ်သား ၅၀၀၀ နှုန်းဖြင့် တစ်နှစ်လျှင် စစ်သား ၆၀၀၀၀ ခေါ်ယူမည်ဖြစ်ကြောင်း ထုတ်ပြန်ပြောဆိုထားသော်လည်း လက်တွေ့တွင်မူ စစ်ကောင်စီ၏ ပြင်ဆင်ထားမှုများအရ တစ်နှစ်လျှင် စစ်သား ၁ သိန်း စုဆောင်းမည့် အခြေအနေများမြင်ရကြောင်း တပ်သတင်းရင်းမြစ်တချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article