37 C
Yangon

မင်္ဂလာတောင်ညွှန့် မြို့နယ်၊ တိရိစ္ဆာဥယျာဉ်ရပ်ကွက် အုပ်ချုပ်ရေးမှူး မင်းဦးက လူငယ် ၂၀ ဦးကို ခြိမ်းခြောက်ပြီး စစ်မှုထမ်းရန် စစ်ထဲသို့ ပို့ဆောင်၊ မင်္ဂလာဒုံအရိုးအကြောစစ်ဆေးရုံတွင် ဆေးစစ်ပြီးနောက် ပြန်မလွှတ်တော့

Must read

မင်္ဂလာတောင်ညွှန့် မြို့နယ်၊ တိရိစ္ဆာဥယျာဉ်ရပ်ကွက် အုပ်ချုပ်ရေးမှူး မင်းဦးက လူငယ် ၂၀ ဦးကို ခြိမ်းခြောက်ပြီး စစ်မှုထမ်းရန် စစ်ထဲသို့ ပို့ဆောင်၊ မင်္ဂလာဒုံအရိုးအကြောစစ်ဆေးရုံတွင် ဆေးစစ်ပြီးနောက် ပြန်မလွှတ်တော့

ရန်ကုန်၊ မတ် ၂၈

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့် မြို့နယ်၊ တိရိစ္ဆာဥယျာဉ်ရပ်ကွက် အုပ်ချုပ်ရေးမှူး မင်းဦးက လူငယ် ၂၀ ဦးကို ခြိမ်းခြောက်ပြီး စစ်မှုထမ်းရန် စစ်ထဲသို့ ယနေ့ ပို့ဆောင်ကာ မင်္ဂလာဒုံအရိုးအကြောစစ်ဆေးရုံတွင် ဆေးစစ်ရန်ဟုဆို၍ ခေါ်ဆောင်သွားပြီးနောက် လူငယ်များကို ပြန်မလွှတ်တော့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ မတ်လ ၂၈ ရက်နေ့တွင် စစ်တပ်က ရပ်ကွက်များမှ လူငယ်များကို ဆေးစစ်ရန်ဟုဆိုကာ မင်္ဂလာဒုံ အရိုးအကြော စစ်ဆေးရုံသို့ ခေါ်ဆောင်သွားကြောင်း၊ ယင်းနောက် လူငယ်များကို ပြန်မလွှတ်တော့ဘဲ စစ်တပ်က ခေါ်ဆောင်ထားကြောင်း၊ ယင်းလူငယ်များထဲတွင် မင်္ဂလာတောင်ညွှန့်မြို့နယ်၊ တိရိစ္ဆာဥယျာဉ်ရပ်ကွက်မှ အုပ်ချုပ်ရေးမှူး မင်းဦးက ခြိမ်းခြောက်စေလွှတ်တောသော လူငယ် ၂၀ ဦးပါ ပါဝင်သွားကြောင်း သိရှိရသည်။

“ဥယျာဉ်ရပ်ကွက်အုပ်ကြီး မင်းဦက တော်တော်ဆိုးနေပါပြီ။ သူများတွေ တစ်ရပ်ကွက် ၂ ယောက်ပေးရတာ။ အုပ်ကြီး မင်းဦးက ရပ်ကွက်မှာရှိတဲ့ လူငယ် ၂၀ ဦးကို ခြိမ်းခြောက် ဖောင်ဖြည့်ခိုင်းပြီး လူငယ်တွေကို စစ်တပ်လက်ထဲ ပေးလိုက်တယ်။ မိဘတွေလည်းစိတ်ဆင်းရဲနေရပါတယ်။ တချို့က ကလေးမွေးကင်းစလေးတွေနဲ့လေ။ တချို့က မိန်းမက ဗိုက်ကြီးသည်၊ တချို့ဆို တစ်အိမ်တည်းကနေ ညီအစ်ကိုနှစ်ယောက်လုံးကို စစ်တပ်ထဲ ခေါ်ချသွားတာ။ မင်္ဂလာဒုံစစ်ဆေးရုံ အရိုးအကြောမှာ ဆေးစစ်မယ်ဆိုပြီး တစ်ဦးမှ ပြန်လွှတ်တော့ဘူး။ တပ်ထဲမှာ နေရမယ်တဲ့ ” ဟု စစ်တပ်ထဲခေါ်ဆောင်ခံရသည့် လူငယ် ၁ ဦး၏ ဆွေမျိုးက ပြောဆိုသည်။

ထို့ပြင် အုပ်ချုပ်ရေးမှူး မင်းဦးသည် ဥယျာဉ်ရပ်ကွက်အတွင်းရှိ အိမ်ထောင်စုများထံမှ ငွေများလည်း အတင်းအးကျပ် တောင်းခံနေကြောင်း သိရှိရသည်။

အလားတူ ဒဂုံဆိပ်ကမ်းမြို့နယ် ၉၀ ရပ်ကွက်မှ အုပ်ချုပ်ရေးမှူး ရဲကို ကလည်း ယနေ့ စစ်တပ်ထဲသို့ လူငယ်များ မလိုက်ကြသဖြင့် အတင်းဖမ်းဆီးစစ်မှုထမ်းခိုင်းနေကြောင်း၊ တိမ်းရှောင်နေသည်လူငယ်များ၏ မိဘများကိုလည်း ခြိမ်း ခြောက်အကျပ်ကိုင် ဆဲဆိုကြောင်း၊ တိမ်းရှောင်သူများ၏ နေအိမ်မီးရှို့ချိတ်ပိတ်မည်ဟု ခြိမ်းခြောက်နေကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article