33 C
Yangon

Khit Thit သတင်းဌာန၏ မတ် ၂၈ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ မတ် ၂၈ ရက်နေ့ ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • ကရင်ပြည်နယ်က ဖာပွန်မြို့ကို KNLA ၊ PDF မဟာမိတ်ပူပေါင်းတပ်တွေက ဒီကနေ့မှာပဲ သိမ်းပိုက်လိုက်ပြီလို့ မြေပြင် တော်လှန်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • စစ်မှုမထမ်းမနေရ ဥပဒေ နဲ့ အရန်တပ်ဖွဲ့ဥပဒေကြောင့် ကာကွယ်ရးအင်အား မြင့်တက်လာမှာဖြစ်တဲ့ အတွက် လုပ်သင့် လုပ်ထိုက်တာတွေကို ဆက်လုပ်သွားမှာဖြစ်တယ်လို့ အကြမ်းဖက် မင်းအောင်လှိုင်က ပြောဆို လိုက်ပြန်ပါတယ်။
  • ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်က အကြမ်းဖက် စစ်ကောင်စီရဲ့ ယောယုံ ဗျူဟာကုန်း စခန်းကြီး အပါအဝင် စစ်စခန်း ၆ ခုကို KIA နဲ့ မဟာမိတ်တပ်တွေက ထပ်မံ သိမ်းပိုက်လိုက်ပြီး ၊ ၁၂၂ မမ ဟောင်ဝှစ်ဇာ အမြောက်ကြီးတွေ အပါအဝင် လက်နက်ခဲယမ်း အမြောက်အမြား ကိုပါ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
  • စစ်ကိုင်းတိုင်းက ပုလဲမြို့နယ်၊ ကန့်ဒေါင့်နယ်မြေရဲစခန်းက အရပ်ဝတ်နဲ့ နယ်မြေစုံစမ်းဖို့ မူးပြီး ထွက်လာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်က စစ်ကြောင်းမှူး ဗိုလ်ကြီး ဟိန်းရဲထက် ဆိုသူကို တော်လှန်ရေးတပ်တွေက အရှင်ဖမ်းဆီးရမိထားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article