33 C
Yangon

မြင်းခြံတွင် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်သား ၆ ဦး ပြင်းထန်ဒဏ်ရာရ၊ ဝက်လက်မြို့နယ်ရှိ စစ်တပ် စခန်းကို PDF တပ်ဖွဲ့က ဝင်ရောက် တိုက်ခိုက်

Must read

မြင်းခြံတွင် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်သား ၆ ဦး ပြင်းထန်ဒဏ်ရာရ၊ ဝက်လက်မြို့နယ်ရှိ စစ်တပ် စခန်းကို PDF တပ်ဖွဲ့က ဝင်ရောက် တိုက်ခိုက်

ရန်ကုန်၊ မတ် ၂၈

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်သား ၆ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း မြင်းခြံခရိုင်တပ်ရင်း အမှတ် ၁ (27 Revolution Forces) မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ မတ်လ ၂၈ ရက်‌နေ့တွင် မြင်းခြံမြို့နယ်၊ ကျောက်ကန်ကျေးရွာကို စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီး ၄ လုံးကျဲချ တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သား ၆ ဦး ပြင်းထန် ဒဏ်ရာ ရရှိခဲ့ကြောင်းသိရသည်။

ယင်း တိုက်ခိုက်မှုအတွင်း ပြင်းထန်ဒဏ်ရာရရှိခဲ့သော အကြမ်းဖက် စစ်ကောင်စီ တပ်သား ၆ ဦးကို မြင်းခြံမြို့နယ်ရှိ ခမရ ၁၅ တပ်ရင်းကို ခေါ်ဆောင်သွားကြောင်း သိရှိရသည်။

“သေစာရင်းကတော့ မသိရသေးပါဘူး။ ၆ ကောင် ထိပြီး မြင်းခြံ ခမရ ၁၅ တပ်ရင်းထဲ ခေါ်သွားတာဘဲ သိရတာပါ” ဟု မြင်းခြံခရိုင်တပ်ရင်း အမှတ် ၁ (27 Revolution Forces) မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင်တပ်ရင်းအမှတ် ၁ (27 Revolution Forces) နှင့် ဒေါင်းမင်းတမံ ပြောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ဝက်လက်မြို့နယ်၊ ရွာသာကြီးရွာရှိ အကြမ်းဖက် စစ်တပ် အထိုင်စခန်းကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း Special Defence Force (အညာမြေစစ်ကြောင်း) မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၂၇ ရက်နေ့ ည ၁၀ နာရီခန့်တွင် ရွာသာကြီးရွာ အကြမ်းဖက် စစ်တပ် အထိုင် စခန်းကို တော်လှန်ရေး အင်အားစုက အနီးကပ် ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု အခြေအနေကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article