38 C
Yangon

ကမ္မမြို့ အမှတ် ၁၂ ရပ်ကွက်ကို စစ်တပ်က မီးရှို့ဖျက်ဆီးမှု နေအိမ် ၅၀ ကျော် မီးလောင် ပျက်စီး

Must read

ကမ္မမြို့ အမှတ် ၁၂ ရပ်ကွက်ကို စစ်တပ်က မီးရှို့ဖျက်ဆီးမှု နေအိမ် ၅၀ ကျော် မီးလောင် ပျက်စီး

ရန်ကုန်၊ မတ် ၂၈

မကွေးတိုင်း၊ ကမ္မမြို့ အမှတ် ၁၂ ရပ်ကွက်ကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခြင်းကြောင့် နေအိမ် ၅၀ ကျော် မီးလောင် ပျက်စီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၂၆ ရက်နေ့ ညနေ ၄ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်က အင်အား ၃၀၀ ခန့်ဖြင့် ကမ္မမြို့၊ အမှတ် ၁၂ ရပ်ကွက် (ယခင်အမည်ဂျိုးပျံကျေးရွာ) ကို ဝင်ရောက် စီးနင်းခဲ့ပြီး တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပြည်သူပိုင် နေအိမ်များကို အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိချိန်တွင် ကမ္မမြို့၊ အမှတ် ၁၂ ရပ်ကွက်မှ အိမ်ထောင်စု ၂၅၀ ကျော်သည် အနီးနား ကျေးရွာများကို ထွက်ပြေးတိမ်းရှောင် နေရပြီး စားသောက်ကုန်၊ အဝတ်အစားနှင့် စောင်များ အရေးပေါ် လိုအပ်လျက်ရှိကြောင်း သိရှိရသည်။

“မတ်လ ၂၆ ရက်နေ့ ညနေ ၄ နာရီခွဲလောက်က ကမ္မမြို့ အမှတ် ၁၂ ရပ်ကွက်ကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးလို့ ခန့်မှန်း အိမ်ခြေ ၅၀ ကျော် အထက် မီးလောင်ဆုံးရှုံးခဲ့တယ်။ အိမ်ထောင်စု ၂၅၀ ကျော်က အနီးအနား ကျေးရွာတွေကို ထွက်ပြေး တိမ်းရှောင်နေရတယ်။ တိုက်ပွဲဖြစ်ပွားတာ မရှိဘဲနဲ့ အင်အား ၃ဝဝ ကျော်လောက်နဲ့ ဝင်စီးပြီး မီးရှို့ဖျက်ဆီးသွားတာ ကျွဲ၊ နွား၊ ဆိတ်တွေကိုလည်း သတ်ဖြတ် စားသောက်သွားတယ်။ နွား ၄ ကောင်၊ ဆိတ် ၅ ကောင်နဲ့ တွေ့သမျှ သယ်ပြီး အကုန်ယူ သွားကြတယ်” ဟု ဒေသပြည်သူ တစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article