38 C
Yangon

ကြို့ပင်ကောက်မြို့နယ်၊ သင်ခရိုင်ရွာတွင် စစ်တပ်အတွက်အလုပ်လုပ်နေသူ တင်ရှိန် ပစ်ခတ်ခံရပြီး သေဆုံး

Must read

ကြို့ပင်ကောက်မြို့နယ်၊ သင်ခရိုင်ရွာတွင် စစ်တပ်အတွက်အလုပ်လုပ်နေသူ တင်ရှိန် ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ မတ် ၂၉

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်၊ ရုံးချောင်းအုပ်စု၊ သင်ခရိုင်ရွာတွင် အကြမ်းဖက်စစ်တပ် အတွက် အလုပ်လုပ်နေသူ တင်ရှိန်ကို ပစ်ခတ်ရှင်းလင်းခဲ့ရာ သေဆုံးသွားကြောင်း သာယာဝတီခရိုင် PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ မတ်လ ၂၈ ရက် ည ၇ နာရီခန့်က ကြို့ပင်ကောက်မြို့နယ်၊ ရုံးချောင်းအုပ်စု၊ သင်ခရိုင်ရွာ တွင်နေထိုင်ပြီး အကြမ်းဖက်စစ်တပ်အတွက် သတင်းထောက်လှမ်းပေးခြင်း၊ PDF စခန်းများကို လိုက်လံ ရှာဖွေပြီး အကြမ်းဖက်စစ်တပ်ကို ခေါ်ကာ စစ်ကြောင်းထိုးရန် ပြင်ဆင်နေခြင်းတို့ သွား ရောက် ပစ်ခတ်ရှင်းလင်းခဲ့ရာ နေရာမှာပင် သေဆုံးသွားကြောင်း သိရသည်။

“သူက သူ့တပည့်၂ ယောက်နဲ့ PDFစခန်းကို စစ်ခွေးတွေ စစ်ကြောင်းထိုးမှာကို လမ်းပြဖို့စောင့်နေတာ အဲ့ဒါကိုသတင်းရလို့ သူတို့နေတဲ့ တဲကိုဝင်စီးဖို့သွားတော့ သူ့တပည့် ၂ ယောက်က ဓားကိုင်ပြီးထွက် လာတာ သူတို့ ၂ ယောက်ကို သေနတ်နဲ့ပစ်တော့ထွက်ပြေးကြတယ်၊ အဲဒီကျမှ တင်ရှိန်ကိုဖမ်းပြီးရှင်း တာ ပြီးခဲ့တဲ့နှစ် ၃ လပိုင်းက ရှင်းလိုက်တဲ့ ရာအိမ်မှူးမိန်းမကို သူက ယူထားတာရာအိမ်မှူးမောင်မျိုး မိန်းမကိုယူပြီး အဲ့အိမ်မှာနေတယ်၊ သူကPDF ရဲဘော်တွေ အသွားအလာစောင်ကြည့်ပြီး PDF စခန်း နေရာ ကို စုံစမ်းနေတာ” ဟု သာယာဝတီခရိုင် PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ် သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ ပစ်ခတ်ရှင်းလင်းမှုကို သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ကြို့ပင်ကောက်မြို့ နယ်တပ်ခွဲ ရိုးမပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း ၃၈၀၁ တပ်ခွဲ ၃ နတ်စစ်သည် နတ်တလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းကာ ရှင်းလင်းခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက်စစ်ကောင်စီအလိုကျ အလုပ်လုပ်ပေးသူ၊ သတင်းပေးသူ၊ ပျူစောထီးအဖွဲ့ဝင်များနှင့် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများအား မည်သည့်အချိန်မဆို သုတ်သင်ရှင်းလင်းသွားမည်ဖြစ် ကြောင်း ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article