34 C
Yangon

Breaking News – ရန်ကုန်ရှိ မြို့နယ် ၅ ခုတွင် ကျယ်လောင်သော ပေါက်ကွဲသံနှင့် ပစ်ခတ်သံများ ဆက်တိုက် ထွက်ပေါ်

Must read

Breaking News – ရန်ကုန်ရှိ မြို့နယ် ၅ ခုတွင် ကျယ်လောင်သော ပေါက်ကွဲသံနှင့် ပစ်ခတ်သံများ ဆက်တိုက် ထွက်ပေါ်

ရန်ကုန်၊ မတ် ၂၉

ရန်ကုန်ရှိ မြို့နယ် ၅ ခုတွင် ကျယ်လောင်သော ပေါက်ကွဲသံနှင့် ပစ်ခတ်သံများ ဆက်တိုက် ထွက်ပေါ်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ မတ်လ ၂၉ ရက်နေ့ ညပိုင်းတွင် မြောက်ဥက္ကလာမြို့နယ် ၊ လှိုင်မြို့နယ် ၊ အင်းစိန်မြို့နယ် ၊ မင်္ဂလာဒုံမြို့နယ်နှင့် သင်္ဃန်းကျွန်း မြို့နယ်တို့တွင် ကျယ်လောင်သော ပေါက်ကွဲသံနှင့် သေနတ် ပစ်ခတ်သံများ ဆက်တိုက်ထွက်ပေါ်ခဲ့ကြောင်း သိရှိရသည်။

“ည ၈ နာရီကျော်လောက်က မြောက်ဥက္ကလာမှာ ဗုံးပေါက်တာ ၅ လုံးလောက်ရှိပြီ သေနတ်သံတွေလည်း ကြားရတယ်။ အိမ်ပါလှုပ်သွားတယ် အသံအကျယ်ကြီးပဲ။ လှိုင်မြို့နယ်မှာ ၈ နာရီကျော်လောက်က ပေါက်ကွဲသံ ၃ ကြိမ်ကြားရတယ်။ နောက်ဆုံး အလုံးကတော့ တော်တော်ပြင်းတယ်။ အိမ်တောင်လှုပ်သွားတယ်။ အင်းစိန်မြို့နယ်မှာလည်း ပေါက်ကွဲသံ ကြားရတယ်။ တော်တော်ကျယ်တယ်။ မင်္ဂလာဒုံ လေတပ်ဝင်းထင်တယ်။ အသံက တော်တော်ကျယ်တယ်။ မြေပါ လှုပ်တယ်။ သင်္ဃန်းကျွန်းမှာလည်း ဗုံးပေါက်တယ် အသံကျယ်တယ်” ဟု မြို့နယ်နေ ပြည်သူများက ပြောဆိုသည်။

အဆိုပါ ပေါက်ကွဲမှုများသည် မည်သည့်နေရာတွင် ဖြစ်ပွားသည်ကို ရန်ကုန်ခေတ်သစ် မီဒီယာ အနေဖြင့် အတည်ပြုနိုင်ခြင်း မရှိသေးပေ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article