25 C
Yangon

ပြည်နယ်/တိုင်းအသီးသီးမှ လူငယ်များကို စစ်တပ်က လေ့ကျင့်ရေးတပ်များဆီသို့ စစ်သားများအဖြစ် လူစုဆောင်း နေပြီး မိုဘိုင်းလ်ဖုန်းများ လုံး၀ အသုံးပြုခွင့်မပေးသည့်အပြင် မိသားစုနှင့်ပါ အဆက်အသွယ် ဖြတ်ခိုင်း

Must read

ပြည်နယ်/တိုင်းအသီးသီးမှ လူငယ်များကို စစ်တပ်က လေ့ကျင့်ရေးတပ်များဆီသို့ စစ်သားများအဖြစ် လူစုဆောင်း နေပြီး မိုဘိုင်းလ်ဖုန်းများ လုံး၀ အသုံးပြုခွင့်မပေးသည့်အပြင် မိသားစုနှင့်ပါ အဆက်အသွယ် ဖြတ်ခိုင်း

ရန်ကုန်၊ မတ် ၃၀

မြန်မာနိုင်ငံတစ်ဝန်း ၊ ပြည်နယ်/တိုင်းအသီးသီးမှ လူငယ်များကို စစ်တပ်က လေ့ကျင့်ရေးတပ်များဆီသို့ စစ်သားများအဖြစ် လူသစ်စုဆောင်းပေးပို့ နေပြီး မိုဘိုင်းလ်ဖုန်းများ လုံး၀ အသုံးပြုခွင့်မပေးသည့်အပြင် မိသားစုနှင့်ပါ အ ဆက် အသွယ် လုပ်ခွင့်မပြုကြောင်း စစ်သားအဖြစ် စုဆောင်းခံရသည့် လူငယ်များ၏ မိဘဆွေမျိုးများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

သန်လျင်မြို့နယ်တွင် စစ်မှုထမ်းရန်ဟုဆိုကာ စစ်တပ်နှင့်အုပ်ချုပ်ရေးအဖွဲ့များက အောင်ချမ်းသာရပ်ကွက်မှ လူငယ်တချို့ကို ဖမ်းဆီးသွားခဲ့ကြောင်း၊ ထိုသို့ ဖမ်းဆီးခေါ်ဆောင်ရာတွင် လိုအပ်သော အဝတ်အစားတချို့၊ ဆေးဝါးတချို့ကိုသာ ယူဆောင်ခိုင်းပြီး လက်ကိုင်အသုံးပြုနေသည့် မိုဘိုင်းလ်ဖုန်းများကို သယ်ယူခွင့် မပေးကြောင်း သိရှိရသည်။

“လိုအပ်တဲ့ အဝတ်အစား၊ ဆေးဝါးတွေ ထည့်ခိုင်းတယ်။ ဖုန်းတော့ မယူရဘူးလို့ ပြောတယ်။ တပ်ထဲမှာ ဖုန်းသုံးခွင့်မပေးရင်လည်း အပြင်ကို ခဏထွက်ပြီး အိမ်နဲ့ဆက်သွယ်ဖို့ ဖုန်းဆက်တာမျိုးလည်း ခွင့်မပြုဘူး။ ကိုယ် ဘယ်တပ်မှာ ရောက်နေလဲဆိုတာကိုလည်း မိသားစုကို အသိပေးခွင့်မပြုဘူး။ မတ်လ ၂၈ ရက်နေ့ကတည်းက ခေါ်သွားတာ။ အခု ၃၀ ရက်နေ့အထိ အဆက်အသွယ်မရတော့ဘူး” ဟု မရမ်းကုန်းမြို့နယ်၊ သမိုင်းမြို့သစ် ၁ ရပ်ကွက်မှ

စစ်သားအဖြစ် စုဆောင်းခံရသော လူငယ်တစ်ဦး၏ မိဘတစ်ဦးက သုံးသပ်ပြောဆိုသည်။

ထို့ပြင် စစ်တပ်က လူငယ်များကို စစ်မှုထမ်းအဖြစ် စစ်သားစုဆောင်းရန် လုပ်ဆောင်ရာတွင် ဥပဒေမဲ့ ဖမ်းဆီးမှုများ အပါအဝင် တရားဥပဒေနှင့်မညီသော ဖမ်းဆီးမှုများ ဆောင်ရွက်နေကြောင်း သိရှိရသည်။

ရန်ကုန်တိုင်းသန်လျင်မြို့နယ်၊ လက်ယက်စမ်းကျေးရွာအုပ်စုတွင် စစ်မှုထမ်းမည့် လူငယ်များကို ဆေးစစ်မည်ဟုဆိုကာ မတ်လ ၂၉ ရက်နေ့ညပိုင်း ဖမ်းဆီးပြီး ထွေ/အုပ်ရုံးတွင် ညအိပ်ခိုင်းခဲ့ကြောင်း၊ ခေါ်ယူသည့်အရေအတွက်မှာလည်း အလွန်များပြားနေကြာင်း သိရှိရသည်။

“သန်လျင် ကျောင်းကံကျေးရွာမှာဆိုရင် အိမ်ခြေ ၂၀၀ ဝန်းကျင်ပဲရှိပါတယ်။ အဲဒါကို အပိုင်း ၅ ပိုင်းခွဲ ပြီး တစ်ခါခေါ် ၃ ယောက်နှုန်းနဲ့ ခေါ်တယ်။ တခြားရပ်ကွက်တွေမှာ ၁ ဦးပဲ ခေါ်တာကို လုပ်နေကြတာ” ဟု သန်လျင်မှ ပြည်သူတစ်ဦးက ရှင်းပြသည်။

ထို့ပြင် မတ်လ ၂၉ ရက်နေ့ ညပိုင်း မန္တလေးမြို့၊ ၈၄လမ်း၊ ၄၁ လမ်းနှင့် ၄၂လမ်းအကြား မင်းစံရပ်ကွက်ကိုမနေ့ည၁၂နာရီကစစ်ကားများရောက်လာကာလူငယ်လေးရောက်ကိုစစ်မူထမ်းရန်ခေါ်ဆောင်ကြောင်း ၊ မိဘများမှာ မည်သည့်နေရာ လိုက်ရမှန်းမသိဘဲ ငိုယိုနေကြကြောငး သိရှိရသည်။

နေပြည်တော်တွင်လည်း စစ်မှုထမ်းမည့် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးမှုများရရှိပြီး ရဲကားများဖြင့် လေ့ကျင့်ရေးတပ်များသို့ ပို့ဆောင်နေကြကြောင်း သိရှိရသည်။

ဓာတ်ပုံ- နေပြည်တော်တွင် စစ်မှုထမ်းရမည့် လူငယ်များကို ရဲကားများဖြင့် ယမန်နေ့ တင်ဆောင် ခေါ်ယူသွားစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article