25 C
Yangon

ဆားလင်းကြီးမြို့နယ်၊ ကံကုန်းရွာကို စစ်ကား ၂ စီး ဝင်ရောက်လာစဉ် မီးဖွားပြီး နာရီပိုင်းသာ ရှိသေးသည့် ကျေးရွာနေ အမျိုးသမီး ၁ ဦး သွေးလန့်သေဆုံး၊ မွေးကင်းစ ကလေးငယ်နှင့် ၄ နှစ်သားရွယ် ကလေးငယ် ၁ ဦး ကျန်ခဲ့

Must read

ဆားလင်းကြီးမြို့နယ်၊ ကံကုန်းရွာကို စစ်ကား ၂ စီး ဝင်ရောက်လာစဉ် မီးဖွားပြီး နာရီပိုင်းသာ ရှိသေးသည့် ကျေးရွာနေ အမျိုးသမီး ၁ ဦး သွေးလန့်သေဆုံး၊ မွေးကင်းစ ကလေးငယ်နှင့် ၄ နှစ်သားရွယ် ကလေးငယ် ၁ ဦး ကျန်ခဲ့

ရန်ကုန်၊ မတ် ၃၀

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ကံကုန်းရွာကို အကြမ်းဖက် စစ်တပ်မှ စစ်ကား ၂ စီး ဝင်ရောက်လာစဉ် မီးဖွားပြီး ၂၄ နာရီအတွင်းသာ ရှိသေးသည့် အမျိုးသမီး ၁ ဦး သွေးနုသားနုဖြင့် ကြောက်လန့်ကာ သေဆုံးခဲ့ကြောင်း ချင်းတွင်းမြစ်ကမ်းဘေး ကျေးရွာများ သပိတ်စစ်ကြောင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၂၉ ရက်နေ့ နံနက် ၁၀ နာရီဝန်းကျင်ခန့်တွင် အကြမ်းဖက် စစ်တပ်က သံပြာကာကား ၂ စီးဖြင့် ဆားလင်းကြီးမြို့နယ်၊ ကံကုန်းရွာကို ဝင်ရောက်လာသောကြောင့် မီးဖွားပြီး နာရီပိုင်းသာ ရှိသေးသည့် ကျေးရွာနေ အမျိုးသမီး ၁ ဦး သေဆုံးခဲ့ပြီး ပြည်သူများလည်း ကြောက်လန့်၍ ထွက်ပြေး တိမ်းရှောင်ခဲ့ရကြောင်း သိရသည်။

သွေးလန့်၍ သေဆုံးရသည့် အမျိုးသမီးသည် လူမမယ် ကလေးငယ် ၂ ဦး၏ မိခင်ဖြစ်ပြီး ၄ နှစ်သားအရွယ် ကလေးငယ် ၁ ဦး၊ မွေးကင်းစ ကလေးငယ် ၁ ဦးနှင့် ဖခင် ဖြစ်သူတို့ ကျန်ရှိခဲ့ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ်၏ စစ်ကား ၂ စီးသည် အနီးနားရှိ ကျေးရွာများကိုပါ ဆက်လက် ဝင်ရောက်ခဲ့သောကြောင့် ကျေးရွာ ၁၀ ရွာမှ ပြည်သူများ ယာယီ စစ်ဘေးရှောင်ခဲ့ရကြောင်း ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများ သပိတ်စစ်ကြောင်း တာဝန်ရှိသူက ပြောကြားသည်။

အကြမ်းဖက် စစ်တပ်၏ သံပြားကာ စစ်ကား ၁ စီးသည် အေးကုန်းရွာရှိ အေးကုန်းဘုန်းကြီးကျောင်း၌ ညအိပ် တပ်စွဲခဲ့ပြီး ကျန် ၁ စီးသည် ကံကုန်းရွာ၌ ညအိပ် တပ်စွဲခဲ့ကြောင်း သိရှိရသည်။

Photo – ဆားလင်းကြီးမြို့နယ်အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ဝင်ရောက်လာသောကြောင့် ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article