25 C
Yangon

မြိုင်မြို့နယ်၊ လင်းကတော ရဲစခန်းကို ၃ ရက်တာ ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြား

Must read

မြိုင်မြို့နယ်၊ လင်းကတော ရဲစခန်းကို ၃ ရက်တာ ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြား

ရန်ကုန်၊ မတ် ၃၀

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ လင်းကတော ရဲစခန်းကို ၃ ရက်တာ ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြားကြောင်း မြင်းခြံခရိုင်တပ်ရင်း အမှတ် ၁ (27 Revolution Forces) မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၂၃ ရက်၊ ၂၄ ရက်နှင့် ၂၆ ရက်နေ့တွင် မြိုင်မြို့နယ်၊ လင်းကတော ရဲစခန်း အတွင်းကို အကြမ်းဖက် စစ်တပ် စစ်ကြောာင်း ဝင်ရောက်လာသောကြောင့် တော်လှန်ရေးတပ်ဖွဲ့က ၃ ရက်တာ ဒရုန်းဖြင့် ဗုံးသီး ၂၄ လုံး ကျဲချ တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု များပြားကြောင်း သိရသည်။

“လင်းကတောရဲစခန်းကို ၃ ရက်တာ တိုက်ခိုက်ခဲ့တာပါ။ စစ်ခွေးတွေ ထိခိုက်သေဆုံးမှု များပြားနိုင်ပါတယ်။ အသေအပျောက် စာရင်းတော့ မသိရသေးဘူး” ဟု မြင်းခြံခရိုင်တပ်ရင်း အမှတ် ၁ (27 Revolution Forces) မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင်တပ်ရင်း အမှတ် ၁ (27 Revolution Forces) နှင့်အတူ Urban Underground Revolution Force YSO ၊ ညီနောင်သုံးဖော် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ဆင်ရိုင်းရာဇာ ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ လျှပ်စီးပြည်သူ့ကာကွယ်ရေးအဖွဲ့၊ နဂါးနီ ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ဒေါင်းသွေးနီပြောက်ကျားတပ်၊ ပခုက္ကူလိုကယ်တပ်ပေါင်းစုအဖွဲ့ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article