25 C
Yangon

ကျိုက်ထိုမြို့နယ်၊ ရှမ်းစုကျေးရွာမှ ပြည်သူ ၁ ဦးကို စစ်တပ်က အကြောင်းမဲ့ ဖမ်းဆီး သတ်ဖြတ်

Must read

ကျိုက်ထိုမြို့နယ်၊ ရှမ်းစုကျေးရွာမှ ပြည်သူ ၁ ဦးကို စစ်တပ်က အကြောင်းမဲ့ ဖမ်းဆီး သတ်ဖြတ်

ရန်ကုန်၊ မတ် ၃၀

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ရှမ်းစုကျေးရွာမှ ပြည်သူ ၁ ဦးကို အကြမ်းဖက် စစ်တပ်က အကြောင်းမဲ့ ဖမ်းဆီး သတ်ဖြတ်ခဲ့ကြောင်း KNU-ဒူးသထူခရိုင်ထံမှ သိရသည်။

မတ်လ ၂၂ ရက်နေ့ နံနက် ၁၁ နာရီ ၁၅ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ ခမရ ၃ နှင့် ခလရ ၈ ပူးပေါင်း စစ်ကြောင်းသည် ညောင်ထောက်၊ ရှမ်းစု ရွာသား ၁ ဦးကို သပြေနီရွာ၌ အကြောင်းမဲ့ ဖမ်းဆီး သတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ်က ဖမ်းဆီး သတ်ဖြတ်ခဲ့သူမှာ ရှမ်းစုကျေးရွာမှ ဦးမောင်မောင်နှင့် ဒေါ်ခင်သန်းတို့၏ သားဖြစ်သူ အသက် ၃၃ နှစ် အရွယ် ကိုရှိန်းကိုကို (ခ) ဗိုလ်ရှိန်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် အမှတ် ၄၄ ခြေမြန်တပ်မဌာနချုပ် လက်အောက်ခံ ခမရ ၃ နှင့် ခလရ ၈ မှ ဖြစ်ပြီး ရန်ကုန်-မော်လမြိုင် လမ်းပိုင်းတွင် လုံခြုံရေး လှုပ်ရှားနေသူများ ဖြစ်ကြောင်း သိရှိရသည်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article