25 C
Yangon

ချောင်းဦးမြို့နယ်တွင် ဘူဒိုဇာဖြင့် မိုင်းရှာရန် ထွက်လာသည့် စစ်သားများနှင့် ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံးပြီး ဘူဒိုဇာနှင့် စစ်ကား ၁ စီး ပျက်စီး

Must read

ချောင်းဦးမြို့နယ်တွင် ဘူဒိုဇာဖြင့် မိုင်းရှာရန် ထွက်လာသည့် စစ်သားများနှင့် ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံးပြီး ဘူဒိုဇာနှင့် စစ်ကား ၁ စီး ပျက်စီး

ရန်ကုန်၊ မတ် ၃၀

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊နတ်ရေကန်အထိုင်စခန်းမှ ဘူဒိုဇာဖြင့် မိုင်းလာရှာသည့် စစ်သားများ ကိုမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၆ ဦးသေဆုံးပြီး ဘူဒိုဇာကားလည်း ပျက်စီးခဲ့ကြောင်း စစ်ကိုင်းခရိုင် အမှတ် ၄ တပ်ရင်း – MSPDF တပ်ဖွဲ့မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံလွင်ဂူးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့မတ်လ ၂၉ ရက် နံနက် ၁၀ နာရီခန့်က ချောင်းဦးမြို့နယ်၊ နတ်ရေကန်အထိုင်စခန်းမှ စစ် သား ၁၅ ခန့်သည် မိုင်းရှာရန်အတွက် ဘူဒိုဇာဖြင့် ထွက်လာစဉ် နတ်ရေကန်ကျေးရွာနှင့် ရေပိုးဇာ ကျေးရွာကြားအရောက် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များမှ အသင့်ပြင်ဆင်ထားသော ပဒေ သာမိုင်း ၃ လုံးတွဲ ပွိုင့် ၅ ပွိုင့်ဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၆ ဦးသေဆုံးပြီး ဘူဒိုဇာ ကားလမ်းပျက်စီးခဲ့ကြောင်း သိရသည်။

“ဘိုဒိုဇာကားနဲ့ မိုင်းရှာဖို့ ထွက်လာတာ၊ စစ်ကိုင်း -မုံရွာလမ်းမပေါ်ပဲ၊ ချောင်းဦးနဲ့မြင်းမူကြားပေါ့၊ စစ် ခွေး ၆ ကောင် ပွဲချင်းပြီးသေတယ်၊ သူတို့ဘက်ကလည်း တရစပ်ပြန်ပစ်တယ်၊ ဘူဒိုဇာကားကတော့ အဲနားမှာ ပြင်နေတယ်၊ သေတဲ့အလောင်းတွေကတော့ တစ်ခါပြန်သယ်သွားပါတယ်၊” ဟု စစ်ကိုင်း ခရိုင် အမှတ် ၄ တပ်ရင်း – MSPDF တပ်ဖွဲ့မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံလွင်ဂူးက ရန်ကုန် ခေတ်သစ်သတင်း ဌာန ထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို စစ်ကိုင်းခရိုင် အမှတ် ၄ တပ်ရင်း – MSPDF ၊ လျှပ်တပြက်စွန်ညိုအဖွဲ့နှင့် ချောင်းဦးမြို့နယ် ပကဖ တိုက်ခိုက်ရေးအဖွဲ့ – CHU PDF တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ် ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ကြောင်း သိရသည်။

အလားတူ စစ်ကိုင်းမြို့၊ တပ်မ ၃၃ မှ စစ်သား အပြည့်တင်ဆောင်ပြီး မုံရွာမြို့သို့ ထွက်လာသော စစ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ရာ စစ်ကားအကြီးတစ်စီး လမ်းဘေးထိုးကျပျက်စီးခဲ့ကြောင်း စစ်ကိုင်း ခရိုင်အမှတ် ၄ တပ်ရင်း – MSPDF တပ်ဖွဲ့မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ လွင်ဂူးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

မတ်လ ၂၀ ရက် မွန်းလွဲ ၁ နာရီ မိနစ် ၃၀ အချိန်ခန့်က စစ်ကိုင်းမြို့၊ တပ်မ ၃၃ မှ စစ်သားအပြည့်တင် ဆောင်ပြီး မုံရွာမြို့ထွက်လာသော သံပြားကာ စစ်ကား ၅ စီးကို ချောင်းဦးမြို့နယ်၊ နတ်ရေကန်‌ကျေး ရွာနှင့် ရေပိုးစာကျေးရွာကြား အရောက် အသင့်ပြင်ဆင်ထားသော ပဒေသာမိုင်း ၃ လုံတွဲ ပွိုင့် ၆ ပွိုင့် ဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကား အကြီး ၁ စီး လမ်းဘေးထိုးကျပျက်စီးသွားကာ ယာဉ်ပေါ်ပါ စစ် သားများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို စစ်ကိုင်းခရိုင် အမှတ် ၄ တပ်ရင်း – MSPDF ၊ လျှပ်တပြက်စွန်ညိုအဖွဲ့နှင့် ချောင်းဦးမြို့နယ် ပကဖ တိုက်ခိုက်ရေးအဖွဲ့ – CHU PDF တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article