39 C
Yangon

၂၀၂၁ ခုနှစ်တွင် KIA ၏ ပစ်ချမှုကြောင့် ပျက်ကျသွားသော Mi35 ရဟတ်ယာဉ်၏ ကြွင်းကျန်ရစ်သော အစိတ် အပိုင်းများကို စစ်ကောင်စီတပ်စခန်းမှ ပြန်လည်တွေ့ရှိရ

Must read

၂၀၂၁ ခုနှစ်တွင် KIA ၏ ပစ်ချမှုကြောင့် ပျက်ကျသွားသော Mi35 ရဟတ်ယာဉ်၏ ကြွင်းကျန်ရစ်သော အစိတ် အပိုင်းများကို စစ်ကောင်စီတပ်စခန်းမှ ပြန်လည်တွေ့ရှိရ

ရန်ကုန်၊ မတ် ၃၁

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်တွင် ၂၀၂၁ ခုနှစ်အတွင်း KIA က ပစ်ချခဲ့သဖြင့် ပျက်ကျသွားသော Mi35 တိုက်ခိုက်ရေးရဟတ်ယာဉ်၏ ကြွင်းကျန်ရစ်သော အစိတ်အပိုင်းများကို ယခုရက်ပိုင်းအတွင်း KIA က သိမ်းယူ ထားသော စစ်ကောင်စီတပ်စခန်းတစ်ခုမှ ပြန်လည် တွေ့ရှိရကြောင်းKIA သတင်းရင်းမြစ်များထံမှ သိရှိရသည်။

၂၀၂၁ ခုနှစ် မေလ ၃ ရက်နေ့တွင် ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ မြို့သစ်နှင့်ကုန်းလာအကြားတွင် စစ်ကောင်စီ၏ Mi35 တိုက်ခိုက်ရေးရဟတ်ယာဉ်ကို ကချင်လွတ်မြောက်ရေးတပ်မတော် KIA က ပစ်ချခဲ့ကြောင်း၊ ထိုသို့ ပစ်ချခဲ့မှုကြောင့် ရဟတ်ယာဉ်မှူး ဗိုလ်မှူး ကျော်ဇေယျာထွဏ်း၊ ဗိုလ်ကြီးသန်းထွန်းလင်း၊ အုပ်ခွဲတပ်ကြပ်ကြီး ကျော်စွာအောင်တို့ သေဆုံးခဲ့ကြသည်။

“အခု ၂၀၂၄ မတ်လမှာ KIA က မိုးမောက်မြို့နယ်ထဲက စခန်းတွေကို သိမ်းတော့မှ ၂၀၂၁ ခုနှစ် ပျက်ကျသွားတဲ့ Mi35P ရဟတ်ယာဉ် အစိတ်အပိုင်းတွေကို ပြန်ရှာတွေ့တာ” ဟု KIA နှင့်နီးစပ်သော သတင်းရင်းမြစ်က ရှင်းပြသည်။

KIA ကပစ်ချခဲ့သောကြောင့် ပျက်ကျခဲ့ရသည့် အဆိုပါ Mi35P တိုက်ခိုက်ရေးရဟတ်ယာဉ်သည် အမေရိကန်ဒေါ်လာ ၃၆ သန်းတန်ကြေးရှိကြောင်း သိရှိရသည်။

စစ်ကောင်စီက ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း တိုင်းရင်းသား တော်လှန်ရေးတပ်များ၏ ပစ်ချမှုများကြောင့် ရဟတ်ယာဉ်နှင့်လေ ယာဉ် အနည်းဆုံး စုစုပေါင်း ၇ စီး ဆုံးရှုံးပြီး အမေရိကန်ဒေါ်လာ ၁၂၂ ဒသမ ၅ သန်း ဆုံးရှုံးခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article