29 C
Yangon

မင်းအောင်လှိုင်၏ သား အောင်ပြည့်စုံ ပိုင်ဆိုင်သော Sky One Construction ကုမ္ပဏီ တာဝန်ခံ နေဇော်မြင့်ကို ကားပေါ်တက်စဉ် မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်

Must read

မင်းအောင်လှိုင်၏ သား အောင်ပြည့်စုံ ပိုင်ဆိုင်သော Sky One Construction ကုမ္ပဏီ တာဝန်ခံ နေဇော်မြင့်ကို ကားပေါ်တက်စဉ် မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်

ရန်ကုန်၊ မတ် ၃၀

အကြမ်းဖက် မင်းအောင်လှိုင်၏ သားဖြစ်သူ အောင်ပြည့်စုံ ပိုင်ဆိုင်သော Sky One Construction ကုမ္ပဏီကို တာဝန်ယူဆောင်ရွက်နေသော တာဝန်ခံ နေဇော်မြင့်ကို ကားပေါ်တက်စဉ် အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်လိုက်ကြောင်း Operation Flame (OF)မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၃၀ရက်နေ့ ည ၇ နာရီ ၁၀ မိနစ်အချိန် ရန်ကင်းမြိုနယ်၊ ဘောက်ထော်ဘူတာရုံလမ်းရှိ The Yard Barအနီးတွင် မင်းအောင်လှိုင်၏ သားဖြစ်သူ အောင်ပြည့်စုံ ပိုင်ဆိုင်သော Sky One Construction ကုမ္ပဏီကို တာဝန်ယူဆောင်ရွက်နေသော တာဝန်ခံ နေဇော်မြင့် ကားပေါ်အတက်တွင် အဝေးထိန်းမိုင်းအသုံးပြုပြီး ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ မိုင်းပေါက်ကွဲပြီးနောက် ဆေးရုံကားနှင့် စစ်ကားများ ရောက်ရှိလာကြောင်း သိရှိရသည်။

မင်းအောင်လှိုင်သားအောင်ပြည့်စုံရဲ့ Sky One Construction ကို တာဝန်ယူဆောင်ရွက်ပေးနေတဲ့ နေဇော်မြင့် က သူ့ ကားပေါ်အတက်မှာ ဖောက်ခွဲတိုက်ခိုက် ခဲ့တာပါ။ ခွေးကားနဲ့ ဆေးရုံတင်ကား ရောက်လာတယ်။ နောက်ဆုံး ထောက်လှမ်းရေး သတင်းအရတော့ ကားပျက်စီးမှုရှိတယ်။ လူကတော့ ဘယ်လောက်ထိခိုက်လဲ သတင်းမရသေးဘူး။ သေချာပေါက်ထိမှာပါ” ဟု Operation Flame (OF)မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

မင်းအောင်လှိုင်၏ သားဖြစ်သူ အောင်ပြည့်စုံ ပိုင်ဆိုင်သော Sky One Constructionတွင် တာဝန်ယူဆောင်ရွက်နေသော နေဇော်မြင့်သည် ယခင်မြိုတော်ဝန်ဟောင်း ဦးလှမြင့်၏သားဖြစ်ပြီး လက်ရှိအာဏာသိမ်း အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိင်၏သားဖြစ်သူ အောင်ပြည့်စုံအား နောက်ကွယ်ကနေစီးပွားရေးလုပ်ငန်းများ အဓိကကူညီထောက်ပံ့ပေးနေသူဖြစ်ကြောင်း၊ ထိုကြောင့် စစ်ဆင်ရေးပစ်မှတ်အဖြစ်သတ်မှတ်ပြီး တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ယခုစစ်ဆင်ရေးကို Operation Flame (OF)က လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ဆက်လက်၍ အများပြည်သူအား အတင်းအဓမ္မ စစ်ကျွန်ပြုနေသော အကြမ်းဖက်စစ်တပ်နှင့် အားပေးအားမြှောက်ဝိုင်းဝန်းလုပ်ဆောင်နေသူများအားလုံးကို စစ်ရေးပစ်မှတ်များအဖြစ် သတ်မှတ်ပြီး တိုက်ခိုက် ချေမှုန်းသွားမည်ဟု Operation Flame (OF)က ကြေညာထားသည်။

ဓာတ်ပုံ- မင်းအောင်လှိုင်၏သားအောင်ပြည်စုံ ပိုင်ဆိုင်သော Sky One ကုမ္ပဏီတာဝန်ခံ နေဇော်မြင့် စီးနင်းသော ကား။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article