ဝက်လက်မြို့နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှုပေး
ရန်ကုန်၊ မတ် ၃၁
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့ကြောင်း ရွှေဘိုမြို့နယ်၊ လွတ်လပ်သော ထောက်ပို့ရေးအဖွဲ့တာဝန်ခံက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။
ယမန်နေ့ မတ်လ ၃၀ ရက်နေ့က ဝက်လက်မြို့နယ်၊ စမွန်းရွာ၊ ကျွန်းတောဦးကျေးရွာနှင့် ကျွန်းကြီး ကျေးရွာတို့မှ စစ်ဘေးရှောင်ပြည်သူ သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေး သူငယ်များကို CDM ကျန်းမာရေး ဆရာ၊ ဆရာမ များက ကျန်းမာရေးစစ်ဆေးကာ ဆေးဝါးကုသမှု ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆေးဝါးကုမှုပေးနိုင်ရန် ဆေးဝါးများလှူဒါန်းပေးပေးသော အလှူရှင်များ၊ CDM ကျန်းမာရေး ဆရာ၊ ဆရာမများနှင့် လုံခြုံရေးလိုက်ပါ ကူညီပေးသော Bo Tiger – ဗိုလ်ကျားကြီး အဖွဲ့ကို အထူး ကျေးဇူးတင်ရှိပါကြောင်း ရွှေဘိုမြို့နယ် လွတ်လပ်သော ထောက်ပံ့ပို့ဆောင်ရေးအဖွဲ့က ထုတ်ပြန် ထားသည်။
![](https://yktnews.com/wp-content/uploads/2024/03/434153712_778626717698270_2501161859277675960_n.jpg)
![](https://yktnews.com/wp-content/uploads/2024/03/434324444_778626741031601_6848201243945649409_n.jpg)
![](https://yktnews.com/wp-content/uploads/2024/03/434350939_778626727698269_3185538117782904204_n.jpg)