25 C
Yangon

ရေဦးမြို့ပေါ်ရှိ ရွှေရတီဦး စားသောက်ဆိုင်တွင် စစ်ဗိုလ်များ မူးရူး‌ပျော်ပါးနေစဉ် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ထိခိုက် ဒဏ်ရာရရှိသူများရှိနိုင်ပြီး စစ်ကား ၂ စီးဖြင့် လာရောက် ခေါ်ဆောင်သွား

Must read

ရေဦးမြို့ပေါ်ရှိ ရွှေရတီဦး စားသောက်ဆိုင်တွင် စစ်ဗိုလ်များ မူးရူး‌ပျော်ပါးနေစဉ် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ထိခိုက် ဒဏ်ရာရရှိသူများရှိနိုင်ပြီး စစ်ကား ၂ စီးဖြင့် လာရောက် ခေါ်ဆောင်သွား

ရန်ကုန်၊ မတ် ၃၁

စစ်ကိုင်းတိုင်း၊ ရေဦးမြို့ပေါ်ရှိ ရွှေရတီဦး စားသောက်ဆိုင်တွင် စစ်ဗိုလ်များ မူးရူး‌ပျော်ပါးနေစဉ် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ ထိခိုက် ဒဏ်ရာရရှိသူများရှိနိုင်ပြီး စစ်ကား ၂ စီးဖြင့် လာရောက် ခေါ်ဆောင်သွားကြောင်း ရွှေဘိုခရိုင် အမှတ် ၁၄ တပ်ရင်း ရေဦး PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၂၈ ရက်နေ့ ည ၈ နာရီ ၁၀ မိနစ်ခန့်တွင် ရေဦးမြို့ ၊ ဗိုလ်အောင်ဇေယျရပ်ကွက် ၊ ရွှေရတီဦး စားသောက်ဆိုင်တွင် စစ်ဗိုလ်များ မူးရူး‌ပျော်ပါးနေစဉ် ရွှေဘိုခရိုင် အမှတ် ၁၄ တပ်ရင်း ရေဦး PDFမှ Fixed Wings Drone ၂ စီးဖြင့် ဗုံးသီး ၂ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း ဗုံးသီးများ ပစ်မှတ်ကို ကျရောက် ပေါက်ကွဲမှုကြောင့် စစ်ဗိုလ်များ ထိခိုက်မှုရှိပြီး တိုင်းရင်းဆေးရုံမှ စစ်ကား ၂ စီးဖြင့် လာရောက် တင်ဆောင်သွားကြောင်း သိရသည်။

“ကျွန်တော်တို့ မသိရဘူး ခွေးသေစာရင်း ညဖြစ်နေတော့ ထောက်ဖို့ကမလွယ်တာ ထိခိုက်ဒဏ်ရာရတာတော့ ရှိဖို့များတယ်။ ကျွန်တော်တို့ သိရသလောက်ဆိုရင် ပစ်မှတ်ကို တိကျပြီးတော့ သူတို့ ပေါ်ကို တည့်တည့်ကျတာဆိုတော့ အဲမှာက ပြည်သူမရှိဘူး။ ညမထွက်ရ အမိန့်ထုတ်ထားတဲ့အတွက် ဒီကောင်တွေပဲရှိတာ ဘောက်ဖွင့်ပြီးတော့ သောက်စားမူးရူးပြီးတော့ အော်ဟစ်နေတယ် အဲအချိန်မှာ ပထမ တစ်လုံးကျပြီးတော့ ဒီကောင်တွေ ဘောက်ပိတ်သွားတယ်။ အဲအချိန်မှာ နောက်ထပ် တစ်လုံးထပ်ကျတယ်။ အဲတာပြီးတော့ ဘယ်လောက်မှ မကြာဘူး ၅ မိနစ်လောက်ကြာတော့ ရေဦးတိုင်းရင်းဆေးရုံက ခွေးကား ၂ စီးနဲ့ လာခေါ်သွားတယ်။ စားသောက်ဆိုင်ခေါင်တော့ ပျက်စီးတယ်။ ကျွန်တော်တို့ အနေနဲ့ နေ့လည် နေ့ခင်းဆိုရင်တော့ အများပြည်သူရှိတဲ့ နေရာတွေကို တိုက်ခိုက်တာမရှိပါဘူး။ ဒါစစ်မူဝါဒနဲ့ အညီ ကျွန်တော်တို့ ပြည်သူရှိတဲ့ နေရာတွေကို မတိုက်ခိုက်တာများပါတယ်။ အဲစားသောက်ဆိုင်က သူတို့နဲ့ အလိုတူ အလိုပါလို့လည်း ပြောလို့ရတယ်။ ပြီးတော့ နောက်ထပ် တစ်ခုက အဲမှာ သောက်စားနေတဲ့ အများစုက စစ်ခွေး အကြီးစားတွေပေါ့။ ဗိုလ်တွေ များလို့ တိုက်ခိုက်တာပါ” ဟု ရွှေဘိုခရိုင် အမှတ် ၁၄ တပ်ရင်း ရေဦး PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article