33 C
Yangon

ရေစကြိုမြို့ပေါ်ရှိ ရုံးပေါင်းစုံ အတွင်း တပ်စွဲထားသော စစ်သားများက မြို့ပေါ် ရပ်ကွက်များကို လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၅ ဦးသေဆုံး

Must read

ရေစကြိုမြို့ပေါ်ရှိ ရုံးပေါင်းစုံ အတွင်း တပ်စွဲထားသော စစ်သားများက မြို့ပေါ် ရပ်ကွက်များကို လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၅ ဦးသေဆုံး

ရန်ကုန်၊ မတ် ၃၁

မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်ရှိ ရုံးပေါင်းစုံ အတွင်း တပ်စွဲထားသော အကြမ်းဖက် စစ်သားများက မြို့ပေါ် ရပ်ကွက်များကို လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၅ ဦးသေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၃၀ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်ခန့်တွင် ရေစကြိုမြို့ပေါ်ရှိ ရုံးပေါင်းစုံ အတွင်း တပ်စွဲထားသော အကြမ်းဖက် စစ်သားများက ပစ်ခတ်သော လက်နက်ကြီးသည် အမှတ် ၁ ထင်းတန်းရပ်ကွက် နှင့် သုခဝတီရပ်ကွက် အကြား လေးမျက်နှာကျောင်း အရှေ့ဘက်ရှိ ကွမ်းယာဆိုင်ရှေ့တွင် ကျရောက်ပေါက်ကွဲခဲ့ပြီး ကလေးငယ် ၂ ဦး၏ မိခင်ဖြစ်သူ မသိင်္ဂီမေ ဒဏ်ရာ အပြင်းအထန် ရရှိပြီး ည ၉ နာရီ ၃၀ မိနစ်ခန့်တွင် သေဆုံးသွားကြောင်း သိရသည်။

အလားတူ မတ်လ ၂၃ ရက်နေ့ကလည်း ရေစကြိုမြို့ပေါ်ရှိ ရုံးပေါင်းစုံ အတွင်း တပ်စွဲထားသော အကြမ်းဖက် စစ်သားများက မြို့ပေါ် ရပ်ကွက်များကို လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အမှတ် ၈ သုခဝတီရပ်ကွက်တွင် နေထိုင်သော အသက် ၃၇ နှစ်အရွယ် မသန်းသန်းနွယ် ၊ အမှတ် ၈ သုခဝတီရပ်ကွက် တွင်နေထိုင်သော အသက် ၅၅ နှစ်အရွယ် ဦးစန်းမောင် ၊ အမှတ် ၈ ဇေယျဝတီရပ်ကွက်တွင် နေထိုင်သော အသက် ၅၄ နှစ်အရွယ် ဒေါ်ရီ တို့ လက်နက်ကြီး ထိမှန်သေဆုံးခဲ့ပြီး အမှတ် ၈ စိတ္တသုခရပ်ကွက် တောင်ပိုင်းတွင် နေထိုင်သော အသက် ၈၉ နှစ်အရွယ် ဒေါ်တင်မြင့်သည် လက်နက်ကြီးသံကြား၍ ကြောက်လန့်ကာ နှလုံးခုန်ရပ်၍ သေဆုံးခဲ့ကြောင်း သိရှိရသည်။

“အမှတ် ၁ ထင်းတန်းရပ်ကွက်နဲ့ အမှတ် ၈ သုခဝတီရပ်ကွက် ကပ်ကျော် ကျောင်းနား တစ်ဝိုက်က ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရတာရှိတယ်။ ရည်ရွယ်ချက်ရှိရှိပစ်နေတာ တစ်ပတ်အတွင်း မြို့ပေါ်နေ ပြည်သူ ၅ ဦးရှိပြီသေဆုံးတာ” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

Photo – အကြမ်းဖက် စစ်တပ် ပစ်ခတ်သည့် လက်နက်ကြီးကြောင့် မတ်လ ၂၃ ရက်နေ့တွင် သေဆုံးခဲ့သူ မသန်းသန်းနွယ်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article