28 C
Yangon

ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကိုမြို့တွင် “ စစ်မှုထမ်းဥပဒေကို ပုန်ကန်ကြ ဖက်ဆစ်မှန်သမျှ တော်လှန်ကြ” ဆိုသည့် ခေါင်းစဉ်ဖြင့် မြေပြင်လူထုသပိတ် ကျင်းပ

Must read

ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကိုမြို့တွင် “ စစ်မှုထမ်းဥပဒေကို ပုန်ကန်ကြ ဖက်ဆစ်မှန်သမျှ တော်လှန်ကြ” ဆိုသည့် ခေါင်းစဉ်ဖြင့် မြေပြင်လူထုသပိတ် ကျင်းပ

ရန်ကုန်၊ မတ် ၃၁

အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကိုမြို့တွင် “ စစ်မှုထမ်းဥပဒေကို ပုန်ကန်ကြ ဖက်ဆစ်မှန်သမျှ တော်လှန်ကြ” ဆိုသည့် ခေါင်းစဉ်ဖြင့် ၁၂၈ ကြိမ်မြောက် မြေပြင်လူထုသပိတ်ကို Free Burma Action Committee – Northern California က ဦးဆောင်ကျင်းပခဲ့သည်။

ထို့ပြင် ဖက်ဆစ်တော်လှန်ရေးနေ့ဖြစ်သော မတ်လ ၂၇ ရက်နေ့တွင် ဆန်ဖရန်စစ္စကို မြန်မာကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)က ဦးဆောင်ပြီး ဆန်ဖရန်စစ္စကို ဖက်ဒရယ်အဆောက်အအုံရှေ့မှာ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးလှုပ်ရှားမှုကို ပြုလုပ်ခဲ့ပြီး ဖက်ဆစ်တော်လှန်ရေးနေ့ အထူးအစီအစဉ်ဖြင့် FBAC မှ သမ္မတဂျိုးဘိုင်ဒဲန်လက်မှတ်ရေးထိုးလိုက်သော Burma Act အောက်မှ မြန်မာပြည် ဒီမိုကရေစီအရေးအတွက် ရရှိမည့် အမေရိကန်ဒေါ်လာ ၁၂၁ သန်းနှင့် စပ်လျဉ်းပြီး ထဲထဲဝင်ဝင်ဆောင်ရွက်နေသည့် ဆရာဂျိမ်းရွှေနှင့် မြန်မာကွန်မြူနီတီကို ခွဲဝေကျင့်သုံးမှုဆိုင်ရာ အကြောင်းအရာများ သိရှိစေရန် တွေ့ဆုံပွဲကိုလည်း စီစဉ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article