28 C
Yangon

ကျိုက်မရောမြို့နယ်၊ ဓမ္မသရွာကို စစ်တပ်က လေကြောင်း၊ လက်နက်ကြီးဖြင့် ဗုံးကျဲ ပစ်ခတ်မှုကြောင့် နေအိမ် ၃၀၀ ကျော် မီးလောင်ပြာကျပြီး ပြည်သူ ၆၀၀၀ ကျော် စစ်ဘေးတိမ်းရှောင်နေရ

Must read

ကျိုက်မရောမြို့နယ်၊ ဓမ္မသရွာကို စစ်တပ်က လေကြောင်း၊ လက်နက်ကြီးဖြင့် ဗုံးကျဲ ပစ်ခတ်မှုကြောင့် နေအိမ် ၃၀၀ ကျော် မီးလောင်ပြာကျပြီး ပြည်သူ ၆၀၀၀ ကျော် စစ်ဘေးတိမ်းရှောင်နေရ

■ မွန်လူမျိုးများ၏ ကြမ္မာကို မွန်လူမျိုးများ ဖန်တီးနိုင်ရေး အဆုံးတိုင် တိုက်ပွဲဝင်သွားမည်ဟု မွန်ပြည်သစ်ပါတီ (အာဏာရှင်တိုက်ဖျက်ရေး) က ကြေညာ

ရန်ကုန်၊ မတ် ၃၁

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ဓမ္မသရွာကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် မီးလောင်ဗုံးကျဲချပြီး ရေတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် နေအိမ် ၃၀၀ ကျော် မီးလောင်ပြာကျပြီး ပြည်သူ ၆၀၀၀ ကျော် စစ်ဘေးတိမ်းရှောင်နေရကြောင်း ဒေသပြည်သူများနှင့် စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၂၇ ရက်နေ့ ဖက်ဆစ် ဆန့်ကျင်ရေးနေ့တွင် အကြမ်းဖက် စစ်တပ်က ဓမ္မသရွာကို လေကြောင်းဖြင့် မီးလောင်ဗုံးများ ကျဲချပြီး ရေတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် ကျေးရွာအတွင်းရှိ ပြည်သူပိုင် နေအိမ် ၃၀၀ ကျော် မီးလောင် ပြာကျခဲ့ပြီး ပြည်သူ ၆၀၀၀ ကျော်သည် စစ်ဘေးတိမ်းရှောင်နေရကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်သည် တာဝေးပစ် လက်နက်ကြီးများဖြင့် အကြောင်းမဲ့ ပစ်ခတ်ပြီး မီးတင်ရှို့သည့် အချိန်တွင် ဓမ္မသကျေးရွာအတွင်း၌ မည်သည့် တော်လှန်ရေး အဖွဲ့အစည်းမှ တပ်စွဲထားခြင်း မရှိဘဲ မွန်၊ ကရင် နှင့် ပြည်သူ့တော်လှန်ရေး အဖွဲ့အစည်းများအပေါ် လက်တုန့်ပြန်သည့် အနေဖြင့် ရွာသူ ရွာသားများအပေါ် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ် ဖျက်ဆီးခြင်းဖြစ်ကြောင်း မွန်ပြည်ဖက်ဒရယ်ကောင်စီက ထုတ်ပြန်ထားပြီး အကြမ်းဖက်စစ်ကောင်စီ၏ လူမဆန်သော လုပ်ရပ်အပေါ် အပြင်းအထန် ရှုတ်ချကြောင်း မွန်ပြည်ဖက်ဒရယ်ကောင်စီက ပြောဆိုသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး မတ်လ ၂၈ ရက်နေ့တွင် မွန်ပြည်သစ်ပါတီ (အာဏာရှင်တိုက်ဖျက်ရေး) က မွန်လူမျိုးနှင့် ဒေသတွင်းနေထိုင်ကြသည့် ပြည်သူများကို အကာအကွယ်ပေးနိုင်ရေးနှင့် မွန်လူမျိုးများ၏ ကြမ္မာကို မွန်လူမျိုးများဖန်တီးနိုင်ရေး အတွက် အဆုံးတိုင် တိုက်ပွဲဝင်သွားမည်ဖြစ်ပြီး မွန်လူမျိုးများအနေဖြင့် ဝမ်းနည်းပူဆွေးနာကျည်းမှုကို ခွန်အားအဖြစ်ပြောင်းလဲပြီး စုပေါင်းအင်အားဖြင့် အကြမ်းဖက် စစ်ကောင်စီကို တိုက်ခိုက်ချေမှုန်းနိုင်မည်ဟု အပြည့်အဝ ယုံကြည်ကြောင်း ကြေညာချက် တစ်စောင် ထုတ်ပြန်ထားသည်။

အကြမ်းဖက် စစ်တပ်၏ တိုက်လေယာဉ်များ၊ လက်နက်ကြီးများအားကိုးဖြင့် အများပြည်သူများ သွားလာနေထိုင်ရာ ရပ်ရွာနေအိမ်များ၊ ဘာသာရေး အဆောက်အအုံနှင့် စာသင်ကျောင်းများ၊ ဆေးရုံဆေးခန်းများကို ပစ်မှတ်ထားတိုက်ခိုက်နေသောကြောင့် မိဘပြည်သူများ အနေဖြင့် စစ်ရေးသတိဖြင့် သွားလာနေထိုင်ကြပါရန်နှင့် ပျော်ပွဲရွှင်ပွဲများ လျှော့ချကြပါရန် အထူးတိုက်တွန်းကြောင်းလည်း မွန်ပြည်သစ်ပါတီ(အာဏာရှင်တိုက်ဖျက်ရေး) က‌ ပြောဆိုထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article