29.6 C
Yangon

မိုးမောက်မြို့နယ်၊ စိန်လုံတောင် ဗျူဟာစစ်စခန်းကို ကာကွယ်ထားသော စစ်တပ်စခန်း ၂ ခုကို KIA က တိုက်ခိုက် သိမ်းပိုက်၊ စစ်တပ်စခန်းပေါင်း ၆၀ ခုကို သိမ်းပိုက်ရရှိထား

Must read

ရန်ကုန်၊ ဧပြီ ၁

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ လွယ်ဂျယ်နယ်စပ်ဂိတ်အနီး စိန်လုံတောင် စစ်တပ် ဗျူဟာစစ်စခန်းကြီးကို ကာကွယ်ထားသော စစ်ကောင်စီတပ်စခန်း ၂ ခုကို ယမန်နေ့တွင် KIA က တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း KIA သတင်းရင်းမြစ်က ပြောဆိုသည်။

မတ်လ ၃၁ ရက်နေ့ မိုးမောက်မြို့နယ်၊ လွယ်ဂျယ်နယ်စပ်ဂိတ်အနီး စိန်လုံတောင် ဗျူဟာစစ်စခန်းကို ကာကွယ်ထားသော ဗျင်၀ိုင်တပ်စခန်း၊ ဝါလိုင်ပင်ယာ စခန်း ၂ ခုကို သိမ်းပိုက်ရရှိကြောင်း၊ အဆိုပါ တပ်စခန်း ၂ ခု သိမ်း ပိုက်ရရှိမှုတွင် လက်နက်ခဲယမ်းများ၊ အမြောက်များနှင့် စစ်သားအလောင်းတချို့ပါ သိမ်းဆည်းရရှိကြောင်း သိရှိရသည်။

“စိန်လုံဗျူဟာတပ်စခန်းကို စစ်ကောင်စီက တိုက်လေယာဉ်တွေ လက်နက်ကြီးတွေနဲ့ အရမ်းကို ပစ်ပြီး ခုခံ ကာကွယ်နေတယ်။ ထိုးစစ်ကလည်း အရှိန်မြှင့်နေတယ်” ဟု KIA သတင်းရင်းမြစ်က ရှင်းပြသည်။

မတ်လ ၇ ရက်နေ့မှ စတင်ခဲ့သော KIA ၏ စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်စခန်း ၆၀ ခုသိမ်းပိုက်ရရှိထားပြီဖြစ်ကြောင်း KIA က ဆိုသည်။

KIA သိမ်းပိုက်ရရှိထားသော စစ်ကောင်စီတပ်စခန်းများမှာ-

၁။ ခယာဘွမ်တပ်စခန်းကြီးနှင့် ကာကင်းစခန်းများ
၂။ လဂတ်ကောင်စခန်း
၃။ ဟန်းကိုင်တောင်စခန်း ခလရ-၁၄၂ (လက်နက်ချ)
၄။ မလိယာန်တပ်စခန်း ခလရ-၄၆
၅။ ဘွမ်ရယ်ဘွမ်တပ်စခန်းကြီးနှင့် ကာကင်းစခန်းများ
၆။ ပန်စွန်တပ်စခန်း
၇။ ဂေါက်ငူကောင်စခန်း
၈။မလီယာန်စခန်း
၉။ အင်လုံခတပ်စခန်း
၁၀။ အင်တပ်ဘွမ်တပ်စခန်း
၁၁။ ဖွန်းပြန်ဘွမ်တပ်စခန်း
၁၂။ တာပိန်မြစ်တံတားစခန်း
၁၃။ ရှဒန်ပါတပ်စခန်း
၁၄။ ကစဲန်ကောင်တပ်စခန်း
၁၅။ ခဂျလုတပ်စခန်း
၁၆။ နမ့်ဖတ်ခတံတားစခန်း
၁၇။ မြို့သစ်တံတားတပ်စခန်းနှင့် ကာကင်းများ
၁၈။ တာမခန်တပ်စခန်း ခမရ-၁၁၉
၁၉။ နောင်ရာဇင်ခန် တပ်စခန်း
၂၀။ ကသိုဏ်းတောင်တပ်စခန်း
၂၁။ တန် (၃၀၀၀)တပ်စခန်း
၂၂။ ဆိုင်းတောင်ရဲစခန်း
၂၃။ ဒါဆိုင်း ခလရ-၂၃၇ တပ်စခန်း
၂၄။ လီဆူပါဂျောင်တပ်စခန်း
၂၅။ လုံရော့ခ်တပ်စခန်း
၂၆။ ဘွမ်ဆေ(င်)တပ်စခန်း
၂၇။ ခလုန်ကရုန်တပ်စခန်း
၂၈။ ဆန်ဂန်တပ်စခန်း
၂၉။ မန်ဒါတပ်စခန်း
၃၀။ ဘွမ်ကပေါ်တပ်စခန်း
၃၁။ ဖကော်န်တပ်စခန်း
၃၂။ နမ့်ဂေါ်န်ရှိ ခလရ-၂၉၇ တပ်စခန်း
၃၃။ ခမရ-၄၃၈ ရှန်တုံတပ်စခန်း
၃၄။ နာဖော့ဗျူဟာတပ်စခန်းကြီးနှင့် ကာကင်းများ
၃၅။ (၆၆၆၇)တပ်စခန်း
၃၆။ ရင်ဆိုင်ကုန်းတပ်စခန်း
၃၇။ နွမ်းလန့်ရှိ ခမရ- ၄၃၈ တပ်စခန်း
၃၈။ ခမရ-၆၁၆ ဒုံးတပ်ရင်း
၃၉။ နောင်ဂေါန်ရှိ အမြောက်တပ် ခမရ-၃၇၀
၄၀။ မိုင်းခေါင်ရှိ ခလရ-၁၂၁ (စခန်းစွန့်ပြေး)
၄၁။ လွယ်ခမ်းဗျူဟာစခန်း (စခန်းစွန့်ပြေး)
၄၂။ ခမရ-၄၂၆ တပ်စခန်း (စခန်းစွန့်ပြေး)
၄၃။ ကုန်းလောရှိ ခမရ- ၃၈၇တပ်စခန်းကြီး
၄၄။ ခမရ- ၃၂၀ တပ်ရင်းဌာနချုပ်
၄၅။ စလောင်းကုန်းပင်မ တပ်စခန်းနှင့် ကာကင်းများ
၄၆။ လုံဂျာဘွမ်တပ်စခန်း
၄၇။ ယော်ယုံဗျူဟာတပ်စခန်းကြီး
၄၈။ ရှန်တိုင်တပ်စခန်း
၄၉။ ဖာလန်င်းတပ်စခန်း
၅၀။ ဘန်ယောင်တပ်စခန်း
၅၁။ လော့မွန်တပ်စခန်း
၅၂။ လော့ဒန်တပ်စခန်းကြီး
၅၃။ ငါ့ဂရန်တပ်စခန်း
၅၄။ ဂေါင်ငူကောင်တပ်စခန်း
၅၅။တိန်ရောင်တပ်စခန်း(စခန်းစွန့်ပြေး)
၅၆။ လွယ်ယိန်းတပ်စခန်း (စခန်းစွန့်ပြေး)
၅၇။ ဒွမ်ဘောင်ဘွမ်စခန်း (စခန်းစွန့်ပြေး)
၅၈။ ပန်ခရမ်တပ်စခန်း
၅၉။ ဝါလိုင်ပင်ယာတပ်စခန်း
၆၀။ ဗျင်ဝိုင်တပ်စခန်း

တို့ဖြစ်ကြောင်း ကချင်ဒေသ သတင်းရင်းမြစ် 7 Stars News က သတင်းဖော်ပြထား သည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #စိန်လုံတောင် ဗျူဟာစစ်စခန်း #KIA က တိုက်ခိုက် သိမ်းပိုက်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article