25 C
Yangon

ထိုင်းနိုင်ငံသို့ Carrier Worker အေဂျင်စီက မြန်မာလူငယ် ၁၀၀ ဦးကျော်ကို MOU စနစ်ဖြင့် စေလွှတ်ခဲ့ပြီးနောက် အလုပ်ပုံမှန်မရှိမှု ၊ လုပ်ခလစာ မရရှိမှုများကြုံတွေ့နေရ၊ အေဂျင်စီက ဖြေရှင်းပေးခြင်း မရှိဘဲခေါင်းရှောင်

Must read

ရန်ကုန်၊ မတ်

ထိုင်းနိုင်ငံတွင် MOU စနစ်ဖြင့် အလုပ်လုပ်ကိုင်ရမည်ဆိုကာ Carrier Worker ကုမ္ပဏီ က လူပေါင်း ၁၀၀ ကို ထိုင်းနိုင်ငံသို့ စေလွှတ်ခဲ့သော်လည်း အလုပ်ပုံမှန်မရှိမှု၊ လုပ်ခလစာမရရှိမှုများ ကြုံတွေ့နေရကြောင်း၊ သက် ဆိုင်ရာ ကုမ္ပဏီက ဖြေရှင်းပေးခြင်း မရှိကြောင်း အလုပ်သမားများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်

Carrier Worker အေဂျင်စီက အလုပ်သမားများထံမှ တစ်ဦးလျှင် ၂၄ သိန်းရယူ၍ အလုပ်သမားကြီးကြပ်ရေးတွင် ၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၁ ရက်နေ့တွင် အလုပ်သမားများနှင့် စာချုပ်ချုပ်ဆိုခဲ့ကြောင်း၊ စာချုပ်ပါ အချက်အရ ရက်ပေါင်း ၉၀ အတွင်း စေလွှတ်နိုင်ခြင်း မရှိပါက လျော်ကြေးပေးရမည်ပါရှိကြောင်း၊ သို့ရာတွင် အေဂျင်စီက လျှော်ကြေးပေးရမည် စိုးရိမ်၍ ထိုင်းနိုင်ငံဘက်သို့ အဆင်သင့်မဖြစ်သေးဘဲ MOU ဖြင့် အလုပ်သမားများကို ပို့ဆောင်လိုက်ကြောင်း အလုပ်သမားများက ပြောကြားသည်။

“ရက်ပေါင်း ၉၀ ပြည့်ခါနီးမှာ လှမ်းအကြောင်းကြားတယ်။ ထိုင်းကို ထွက်ရမယ်ဆိုပြီး လောလောနဲ့ ပို့လွှတ်လိုက်တယ်။ ဒီဘက်မှာ စာချုပ်ချုပ်ထားတဲ့ ထိုင်း CTJ ကုမ္ပဏီက အလုပ်လည်း သေချာ မပေးနိုင်ဘူး။ နေရာမပေးနိုင်ဘူး။ လစာလည်း ရက် ၅၀ မှ တစ်ခါပေးတယ်”ဟု အလုပ်သမားတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

အလုပ်သမားများအနေနှင့် ၎င်းတို့၏ အဆင်မပြေမှုများအတွက် မြန်မာဘက်မှ အေဂျင်စီဖြစ်သည့် Carrier Worker Co.,Ltd.သို မကြာခဏ လှမ်း၍ အကြောင်းကြားသော်လည်း ဖြေရှင်းပေးမည်ဟုသာ ပြောဆိုပြီး လက်ရှိအချိန်အထိ ဖြေရှင်းပေးခြင်း မရှိကြောင်း သိရှိရသည်။

“ထိုင်းနိုင်ငံက CTJ ကုမ္ပဏီကို ၁၁ လပိုင်း ၁၇ ရက်နေ့ရောက်တယ်။ ရောက်ရောက်ချင်း နေစရာ မရှိ ၊ ရုံးမှာ အိပ်ရတယ်။ အယုဒ္ဓယကို ပို့တယ်။ တစ်လမှာ အလုပ်က ၁၂ ရက်ဆင်းပြီး ၁၈ ရက်နားရတယ်။ အဆင်မပြေလို့ ပြောတော့ ချွန်ဘူရီ လယောင်ပို့တယ်။ အလုပ်တော့ဆင်းရတယ် လစာက လကုန်ပြီး ရက် ၂၀ မှ ရတယ်” ဟု အလုပ် သမားတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

မြန်မာအလုပ်သမားများက အဆင်မပြေမှုများအတွက် သံရုံးသို့ တိုင်ကြားမှုများပါ လုပ်ဆောင်သော်လည်း တစ်စုံတစ်ရာဖြေရှင်းပေးမှု မရှိကြောင်း ၊ စာချုပ်ချုပ်ဆိုစဥ်တွင်မှု လစာသည် ၁ လလျှင် ၂ ကြိမ်ရမည်ဟု ပါရှိသော်လည်း စာချုပ်ပါ စည်းမျဥ်းများနှင့် လုံးဝကိုက်ညီမှု မရှိကြောင်း သိရှိရသည်။

ထို့ပြင် ထိုင်းကုမ္ပဏီ CTJ က ည်း လုပ်ခလစာ ပုံမှန်မရရှိသည့်အတွက် အလုပ်သမားများ၏ ပြောဆိုမှုကိုလည်း မလုပ်နိုင်လျှင် အလုပ်ထွက်နိုင်ကြောင်း တောမော ရုံးသို့ ပို့မည်ဟု ခြိမ်းခြောက်ပြောဆိုနေကြောင်း အလုပ်သမားများက ပြောဆိုသည်။

“ကျွန်တော်တို့က အတိုးတွေနဲ့ဆွဲပြီး လာခဲ့ရတာ ခုထိ တစ်ပြားမှ မဆပ်နိုင်ဘူး။ လကုန်လစာက မရတော့ ချေးသုံးရတယ် လစာရတော့ ပြန်ဆပ်နဲ့။ CTJ ပြောတော့လည်း တောမောပို့မယ် ဖမ်းခိုင်းမယ်ဆိုပြီး ခြိမ်းခြောက်တယ်”ဟု အလုပ်သမားတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

လက်ရှိ ကြုံတွေ့နေရသည့် အခက်အခဲများကို အလုပ်သမားများ၏ အေဂျင်စီထံသို့ မကြာခဏ ဆက်သွယ်ပြောဆိုခဲ့သော်လည်း ဖြေရှင်းပေးခြင်းမရှိကြောင်း၊ မီဒီယာများသို့ သတင်းပေးမည်ု အလုပ်သမားများက ပြောဆိုခဲ့မှုအပေါ်တွင်လည်း တင်ချင်ရာ တင်နိုင်သည်ဟု အေဂျင်စီက တုံ့ပြန်လာကြောင်း သိရှိရသည်။

ဓာတ်ပုံ – အလုပ်သမားများ စာချုပ်ချုပ်ဆိုသည့် ၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၁ ရက်နေ့တွင် ရိုက်ကူးထားခြင်း။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #Carrier Worker အေဂျင်စီ #အလုပ်ပုံမှန်မရှိမှု ၊ လုပ်ခလစာ မရရှိမှု #MOU စနစ်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article