25 C
Yangon

ယင်းမာပင်မြို့နယ်နှင့် ဆားလင်းကြီးမြို့နယ် အတွင်း စစ်တပ်က ၁၁ ရက်ကြာ စစ်ကြောင်းထိုးနေ၍ ကျေးရွာ ၁၀ ရွာကျော်မှ စစ်ရှောင် ပြည်သူ ၈၀၀၀ ကျော် စားနပ်ရိက္ခာများ လိုအပ်နေ

Must read

ရန်ကုန်၊ ဧပြီ ၁

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်နှင့် ဆားလင်းကြီးမြို့နယ် အတွင်း အကြမ်းဖက် စစ်တပ်က ၁၁ ရက်ကြာ စစ်ကြောင်းထိုးနေ၍ ကျေးရွာ ၁၀ ရွာကျော်မှ စစ်ရှောင် ပြည်သူ ၈၀၀၀ ကျော် စားနပ်ရိက္ခာများ လိုအပ်နေကြောင်း Black Vote Fighter အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၂၂ ရက်နေ့မှ စတင်ကာ အကြမ်းဖက် စစ်တပ်က အင်အား အများအပြားဖြင့် ယင်းမာပင်မြို့နယ်နှင့် ဆားလင်းကြီးမြို့နယ် အတွင်း စစ်ကြောင်းထိုး ဝင်ရောက်လာပြီး ယနေ့ ဧပြီလ ၁ ရက်နေ့အထိ ပြန်လည် ဆုတ်ခွာခြင်း မရှိသောကြောင့် ပြည်သူ အများအပြား နေရပ်စွန့်ခွာ စစ်ဘေး တိမ်းရှောင်နေရခြင်းဖြစ်ကြောင်း သိရသည်။

“အနီးအနားက ကျေးရွာက ၁၀ရွာဗျ။ စစ်ရှောင်ရတာ၂၂ရက်ကနေ ဧပြီ ၁ ရက်ထိ ၁၁ရက်ရှိပါပြီ။ လူဦးရေ ၈၀၀၀ ကျော်တယ်ဗျ စားနပ်ရိက္ခာတွေလည်း အရေးပေါ် လိုအပ်နေတယ်”ဟု Black Vote Fighter အဖွဲ့ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

လက်ရှိအချိန်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မုံရွာ-ပုသိမ် လမ်းဘေး လမ်းတစ်လျှောက် အင်အား အများအပြားဖြင့် ဂုဏ်တောရွာ ၊ ကျေးစာကျရွာ တို့၌ တပ်စွဲထားလျက်ရှိသောကြောင့် ဒေသနေ ပြည်သူများ နေရပ်စွန့်ခွာ စစ်ဘေးရှောင်နေရ၍ စားနပ်ရိက္ခာများလည်း လိုအပ်နေခြင်း ဖြစ်ကြောင်း သိရသည်။

Black Vote Fighter အဖွဲ့ အနေနှင့် အနာဂတ် အလင်းရောင် (သို့) ဖယောင်းတိုင်လေးများအဖွဲ့ ကိုယ်စား ယင်းမာပင်မြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို ယနေ့ ဧပြီ ၁ ရက်နေ့တွင် အစားသောက်များ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #ဆားလင်းကြီးမြို့နယ်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article