25 C
Yangon

စစ်ကောင်စီက စစ်မှုထမ်းဟောင်းများကို တပ်ထဲပြန်လည်ခေါ်ယူရာတွင် ရှေ့တန်းသို့ ချက်ချင်းတန်းပို့

Must read

ရန်ကုန်၊ ဧပြီ ၁

အကြမ်းဖက်စစ်ကောင်စီက စစ်မှုထမ်းဟောင်းများကို တပ်ထဲသို့ ပြန်လည်ခေါ်ယူရာတွင် ရှေ့တန်းသို့ တစ်ခါတည်း ပို့ဆောင်နေကြောင်း စစ်မှုထမ်းဟောင်း မိသားစုများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

ဧရာ၀တီတိုင်းမှ စစ်မှုထမ်းဟောင်းများကို မတ်လ ၃၁ ရက်နေ့တွင် ခေါ်ယူလာပြီး တောင်ငူမြို့နယ်ရှိ ရှေ့တန်း စစ်မျက်နှာများသို့ ချက်ချင်း ပို့ဆောင်နေကြောင်း ၊ မူလက ဆေးစစ်မည်ဟုဆိုကာ ခေါ်ဆောင်လာပြီးနောက် ကားပေါ်ရောက်မှ ရှေ့တန်းသို့ ချက်ချင်းသွားရမည်ဖြစ်ကြောင်း ပြောဆိုလာကြောင်း စစ်ထဲ ခေါ်ဆောင်ခံရသည့် စစ်မှုထမ်းဟောင်းတစ်ဦး၏ မိသားစုဝင်က ရှင်းပြသည်။

“မတ်လ ၃၀ ရက်နေ့မှာ လာခေါ်တယ်။ စစ်မှူထမ်းတပ်သားစုဆောင်းရေးတွေက ချက်ချင်းရှေ့တန်းပို့နေပါတယ်/ ပုသိမ်ကိုဆေးစစ်မယ်ဆိုပြီးခေါ်တယ်။ဆံပင်တွေတန်းညှပ်တယ်။ ချက်ချင်း ဘားတိုက်ထဲပို့တယ်။ ရောက်တာ၁ရက်ပဲရှိသေးတယ်။ ချက်ချင်း တောင်သူ(သို့)စစ်ကိုင်း ဆေးစစ်ရမယ်ဆိုပြီး ခုမနက်ကားနဲ့ တောင်ငူသွားနေရပြီ။ တောင်ငူနဲ့ စစ်ကိုင်းမှာဆေးစစ်စရာလုံးဝ အကြောင်းမရှိပါဘူး။ PDFကြီးစိုးထားတဲ့နယ်မြေတန်းပို့နေတာပါ။ လူတွေက ၁ လလောက် စစ်သင်တန်းပြီးမှ ရှေ့တန်းရောက်မယ်ထင်နေကြတာ။ အခုကတန်းပို့နေပါတယ်” ဟု စစ်မှုထမ်းဟောင်း မိသားစုဝင်က ဆိုသည်။

အငြိမ်းစား စစ်မှုထမ်းဟောင်း တစ်ဦး၏ ဇနီးကလည်း ၎င်းတို့အနေဖြင့် မိသားစုဝင်များကို မင်းအောင်လှိုင်အတွက် အသေမခံနိုင်သဖြင့် လတ်တလော မလွန်ဆန်နိုင်၍ တပ်ထဲပါသွားသည့်တိုင် ထွက်ပြေးရန် ပြောဆိုထားကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ရှင်းပြသည်။

“ကျမက တပ်မတော် အငြိမ်းစားစစ်သည်တစ်ဦးရဲ့ ဇနီးပါ။ ကျမအမျိုးသားသည် စစ်တပ်က ထွက်ပြီး အငြိမ်းစားယူထားတာ ၅နှစ်ပြည့်ဖို့လပိုင်းသာလိုတော့ပါတယ်။ အခု မင်းအောင်လှိုင်က ၂၀၁၉ ခုနှစ်မှ အငြိမ်းစားပေးခဲ့တဲ့ စစ်မှုထမ်းဟောင်းများကို ဆင့်ခေါ်စာတွေနဲ့ အရန်တပ်ဖွဲ့ဆိုပြီး အမိန့်ပေး ပြန်ဝင်ခိုင်းတယ်။ အရပ်ဘက်ပြည်သူတွေဒုက္ခအခက်အခဲဖြစ်နေတာကတစ်မျိုး စစ်မှုထမ်းဟောင်းအငြိမ်းစားတွေလည်းဒုက္ခတွေ့ကြုံနေရပါတယ်။ အမျိုးသားကလည်း လစ်တာနဲ့ ပြေးဖို့ မှာထားပါတယ်။ ပြည်သူနဲ့ ကျမတို့ ဒုက္ခအတူတူပါပဲ” ဟု အငြိမ်းစား စစ်မှုထမ်းဟောင်းတစ်ဦး၏ ဇနီးက ရှင်းပြသည်။

ဓာတ်ပုံ – အရပ်သား လူငယ်များကို စစ်တပ်က စစ်ထဲအတင်းအကျပ် သွပ်သွင်းပြီးနောက် စစ်ယူနီဖောင်းများ ပေးအပ်နေစဉ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #စစ်မှုထမ်းဟောင်းများကို တပ်ထဲပြန်လည်ခေါ်ယူ

အရပ်သား လူငယ်များကို စစ်တပ်က စစ်ထဲအတင်းအကျပ် သွပ်သွင်းပြီးနောက် စစ်ယူနီဖောင်းများ ပေးအပ်နေစဉ်။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article