25 C
Yangon

နွားထိုးကြီးမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၅ ဦးသေဆုံး၊ မြောင်မြို့နယ်တွင် CDM ဝင်မည့် စစ်သား ၂ ဦးကို စစ်ကောင်စီ တပ်သားများက ဖမ်းဆီးပြီး ရေစကြိုမြို့ကို ပြန်ပို့စဉ် PDF တပ်ဖွဲ့က ကြားဖြတ် တိုက်ခိုက်

Must read

နွားထိုးကြီးမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၅ ဦးသေဆုံး၊ မြောင်မြို့နယ်တွင် CDM ဝင်မည့် စစ်သား ၂ ဦးကို စစ်ကောင်စီ တပ်သားများက ဖမ်းဆီးပြီး ရေစကြိုမြို့ကို ပြန်ပို့စဉ် PDF တပ်ဖွဲ့က ကြားဖြတ် တိုက်ခိုက်

ရန်ကုန်၊ ဧပြီ ၁

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ကြာကန်ရွာ အနီးတွင် အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲ ဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၅ ဦးသေဆုံးခဲ့ကြောင်း ဒေသတော်လှန်ရေး သတင်းရင်းမြစ်များထံမှ သိရသည်။

မတ်လ ၃၁ ရက်နေ့ နံနက် ၇ နာရီခန့်တွင် နွားထိုးကြီးမြို့နယ်၊ ကြာကန်ရွာ အနီးတွင် စစ်ကြောင်း ထိုးလာသော အင်အား ၁၀၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယင်း ထိတွေ့ တိုက်ပွဲသည် ၄ နာရီခန့် ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သား ၂ ဦးမျက်မြင်သေဆုံးကာ တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်သား ၅ ဦးထက်မနည်းသေဆုံးခဲ့ပြီး စစ်သားများ တပ်ပျက်၍ ထွက်ပြေးသွားကြောင်း၊ တိုက်ပွဲဖြစ်ပွားပြီးနောက် တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Natogyi People Defence Force မြင်းခြံခရိုင်အမှတ် (၄) တပ်ရင်း နှင့် အတူ နွားထိုးကြီးမြိုနယ် (ပကဖ)၊ ဗိုလ်စားပြောက်ကျားတပ်ဖွဲ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ကျောက်ရစ်စခန်းမှ CDM ဝင်မည့် စစ်သား ၂ ဦးကို ဖမ်းဆီးပြီး ရေစ ကြိုမြို့သို့ ပို့ဆောင်စဉ် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား အများအပြားထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ညောင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – Bagan Orge Force မှ တာဝန် ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ ဧပြီလ ၁ ရက် နံနက် ၈ နာရီ မိနစ် ၃၀ ခန့်တွင် မြောင်မြို့နယ်၊ ကျောက်ရစ်စခန်းမှ စစ် ကောင်စီတပ်သား ၂ ဦးသည် CDM ဝင်ရောက်မည်ဟု သတင်းပေါက်ကြားသွားသဖြင့် ဖမ်းဆီးခေါ် ဆောင်ပြီး ရေစကြိုမြို့သို့ ပြန်ပို့ရန် ကျောက်ရစ်စခန်းမှ စစ်သားများက ချင်းတွင်းမြစ်ကမ်းဘေးရှိ ကျောက်တန်းကျေးရွာ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

ထိုသို့ ပို့ဆောင်လာသည့် CDM ဝင်ရောက်မည့် စစ်သား ၂ ဦးကို ရေစကြိုမြို့ဘက်မှ အင်အား ၃၀ ခန့်ပါ သံဖလက်ခွန်ဖြင့် လာရောက်ကြိုဆိုပြီး ပြန်လာစဉ် ရွှေတချောင်းကျေးရွာအနီးအရောက် အနီး ကပ် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ အထိနာပြီး သံဖလက်ခွန်ကို အမြန်မောင်းနှင် ထွက်ပြေးသွားကြောင်း သိရသည်။

“သင်္ကြန်ကျရင် CDM ဝယ်လို့ သတင်းပေါက်ကြားသွားတဲ့ စစ်သား ၂ ဦးကို ဖမ်းပြီးရေစကြိုမြို့ကို ပြန် ပို့တာပါ၊ ကျောက်ရစ်စခန်းကနေ ကျောက်တန်းကျေးရွာကို ပို့တယ်၊ အဲဒီကျောက်တန်းကျေးရွာ ကို ရေစကြိုမြို့ပေါ်ကနေ သံဖလက်ခွန်နဲ့ ကူးလာပြီးလာခေါ်တာ၊ ခေါ်လာပြီး အပြန်မှာ အနီးကပ် ပစ် ခတ် တိုက်ခိုက်ခဲ့တာပါ၊ ခွေးတွေ အထိနာလို့ ဒီနေ့ နေ့လည်ပိုင်းကနေပြီး လက်နက်ကြီးနဲ့ ရမ်း သမ်း ပစ်ခတ်နေတာ အခုထိပဲ” ဟု ညောင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – Bagan Orge Force မှ တာဝန် ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို ညောင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – Bagan Orge Force နှင့် မြင်းခြံခရိုင် အမှတ် ၃ တပ်ရင်းတို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပစ်ခတ်တိုက်ခိုက်ခံရမှုကြောင့် အထိနာသောအကြမ်းဖက်စစ်သားများသည် ရေစကြိုမြို့ပေါ်မှနေ၍ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်လျက်ရှိရာ နေအိမ် ၁ လုံးမီးလောင် သွားပြီး ပြည်သူ့ပိုင် နွား ၃ ကောင်နှင့် အိမ်မွေး ခွေး ၃ ကောင်သေဆုံးသွားကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article