38 C
Yangon

မုံရွာမြို့နယ်၊ တောပုရွာပျူစောထီးစခန်းနှင့် မြပုလဲဆီဆိုင် စစ်တပ် ဂိတ်စခန်းကို ဗုံးကျဲမှု စစ်သား၊ ပျူစောထီး ၇ ဦးသေဆုံး

Must read

ရန်ကုန်၊ ဧပြီ ၃

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ တောပုရွာပျူစောထီးစခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်း ဖက်စစ်သား၊ ပျူစောထီး ၅ ဦးသေဆုံးပြီး အဆောက်အအုံ ၃ လုံးမီးလောင်ပျက်စီးခဲ့ကြောင်း စစ်ကိုင်းခရိုင် အမှတ် ၄ တပ်ရင်း – MSPDF မှ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ လွင်ဂူးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ဧပြီလ ၁ ရက်နေ့ ညနေ ၃ နာရီမှ ၃ နာရီခွဲခန့်အချိန်အထိ မုံရွာမြို့နယ်၊ တောပုကျေးရွာ ပျူစောထီးစခန်းကို “Shar Htoo WAW”နည်းပညာ တိုက်ခိုက်ရေး Fixed Wings Drone များဖြင့် AIR BOMB ၃ လုံးကျဲ ချတိုက်ခိုက်ခဲ့ ရာ အကြမ်းဖက်စစ်သား၊ ပျူစောထီး ၅ ဦးသေဆုံးခဲ့ပြီး အမျးအပြားဒဏ်ရာ ရရှိခဲ့ ကြောင်း၊ ယင်း ဒဏ်ရာရရှိသူများကို ခရီးသည်တင် Express ကားတစ်စီးကို ချောဆွဲကာ မုံရွာဆေးရုံ သို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။

ထို့အပြင် ပျူစောထီးစခန်းအတွင်းရှိ အကြမ်းဖက်စစ်သား၊ ပျူစောထီးများနေထိုင်ရာ အဆောက် အအုံ ၃ လုံးလည်း မီးလောင်ပျက်စီးသွားကြောင်း သိရသည်။

“ပြန်ပစ်တာတော့ ပက်ပက်စက်စက်ကို ပြန်ပစ်တယ်၊ ချနေတုန်းကို ပြန်ပစ်တာ၊ တောပုရွာက ဒဏ်ရာ စစ်ခွေး ဘယ်နှစ်ကောင်လဲဆိုတာ မသိရဘူး၊ Express ကားနဲ့မုံရွာကို သယ်သွားတယ်လို့ တော့သိရတယ်၊ လူနာကတော်တော်များတယ်လို့ သိရတယ်၊ ပြည်သူတွေထိခိုက်ဒဏ်ရာရတာ၊ ရဲဘော်တွေ ထိခိုက်တာမျိုးမရှိပါဘူး” ဟု စစ်ကိုင်းခရိုင် အမှတ် ၄ တပ်ရင်း – MSPDF မှ သတင်း နှင့်ပြန်ကြားရေး တာဝန်ခံ လွင်ဂူးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

အလားတူ ဧပြီလ ၁ ရက်နေ့ ညနေ ၅ နာရီမှ ည ၇ နာရီအချိန်အထိ ချောင်းဦးမြို့နယ်၊ မြပုလဲဆီဆိုင်ဂိတ်စခန်းကို “Shar Htoo WAW”နည်းပညာ တိုက်ခိုက်ရေး Fixed Wings Drone များဖြင့် AIR BOMB ၁၀ လုံး ကျဲ ချ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂ ဦးသေဆုံးပြီး ၁၀ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။

အဆိုပါ တိုက်ခိုက်မှုကို စစ်ကိုင်းခရိုင် အမှတ် ၄ တပ်ရင်း မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေး အထူး တပ်ဖွဲ-MSPDF နှင့်အတူ ညီနောင်မဟာမိတ်များဖြစ်ကြသော၊ စစ်ကိုင်းခရိုင် Drone တပ်ဖွဲ့၊ မြင်းခြံ ခရိုင်အမှတ် ၈ တပ်ရင်း-NRDFမုံရွာခရိုင်အမှတ် ၁၂ တပ်ရင်း-တပ်ခွဲ ၂URBAN HUNTER FORCE -UHFSHINING STARS နှင့် Meikhtila Special Force တိုမှ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #တောပုရွာပျူစောထီးစခန်း #မြပုလဲဆီဆိုင် စစ်တပ် ဂိတ်စခန်းကို ဗုံးကျဲ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article