အဓမ္မ မလိုလား မြတ်ဗုဒ္ဓသားတော်များ သပိတ် အင်အားစုမှ စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်
ရန်ကုန်၊ ဧပြီ ၄
အဓမ္မ မလိုလား မြတ်ဗုဒ္ဓသားတော်များ သပိတ် အင်အားစုမှ သံဃာတော်များ ဦးဆောင်ကာ ယနေ့ ဧပြီ ၄ ရက်နေ့တွင် စစ်အာဏာရှင်တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လှုပ်ရှားမှုကို သံဃာတော်များက “အချိန်ကြာပေမဲ့ တော်လှန်ရေး ရေချိန်ကိုကြည့်ရင် ငါတို့ဟာ နိုင်နေတာဖြစ်တယ်၊ အဆုံးသတ်ဖို့အတွက် အဆုံးဖြတ်ပွဲတွေကိုအဆုံးထိ တိုက်ဖို့ပဲလိုအပ်တယ်။” စာတန်း ကိုင်ဆောင်ကာ ပြုလုပ်ခဲ့ကြောင်း သိရသည်။