35 C
Yangon

ဒေါနတနင်္သာရီ – စစ်ဘေးရှောင်များအထောက်အကူပြုရေးအဖွဲ့က ကျေးရွာ ၁၂ ရွာမှ ပြည်သူ ၂၀၀၀ ကျော်ကို မြေမြှုပ်မိုင်းအန္တရာယ်နှင့် ပတ်သက်၍ အသိပညာများပေး

Must read

ဒေါနတနင်္သာရီ – စစ်ဘေးရှောင်များအထောက်အကူပြုရေးအဖွဲ့က ကျေးရွာ ၁၂ ရွာမှ ပြည်သူ ၂၀၀၀ ကျော်ကို မြေမြှုပ်မိုင်းအန္တရာယ်နှင့် ပတ်သက်၍ အသိပညာများပေး

ရန်ကုန်၊ ဧပြီ ၄

ဒေါနတနင်္သာရီ-စစ်ဘေးရှောင်များအထောက်အကူပြုရေးအဖွဲ့က ကျေးရွာ ၁၂ ရွာမှ ပြည်သူပေါင်း ၂၁၃၀ ဦးခန့်ကို မြေမြှုပ်မိုင်းအန္တရာယ်နှင့် ပတ်သက်၍ ဆောင်ရန် ရှောင်ရန် အသိပညာများ လိုက်လံမျှဝေခဲ့ကြောင်း သိရှိရသည်။

စစ်လက်နက်ပစ္စည်းအကြွင်းအကျန်များ၏ အန္တရာယ်၊ လေကြောင်းအန္တရာယ်၊ ဗုံးခိုကျင်းနှင့် ဗုံးခိုဘန်ကာတူးနည်း စသည်များနှင့် ပတ်သက်ပြီး ဆောင်ရန်ရှောင်ရန်များ၊ သတိပြုလိုက်နာရမည့်အချက်များကိုလည်း အသိပညာပေးဟောပြောမှုများ၊ လက်ကမ်း စာစောင်များဖြန့်ဝေပေးခဲ့ပြီး ဆက်လက်၍လည်း အခြားကျေးရွာသို့ မျှဝေသွားမည်ဖြစ်ကြောင်းသိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article