28 C
Yangon

တောင်သာမြို့နယ်၊ ရုံးစဉ်ကြီးရဲစခန်းမှ အိမ်စီးကားဖြင့် ထွက်လာသော ရဲများကို ပစ်ခတ်တိုက်ခိုက်မှု ၃ ဦးသေဆုံး၊ ခမောက်ကြီးမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု နေအိမ် ၆ လုံးပြာကျ

Must read

တောင်သာမြို့နယ်၊ ရုံးစဉ်ကြီးရဲစခန်းမှ အိမ်စီးကားဖြင့် ထွက်လာသော ရဲများကို ပစ်ခတ်တိုက်ခိုက်မှု ၃ ဦးသေဆုံး၊ ခမောက်ကြီးမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု နေအိမ် ၆ လုံးပြာကျ

ရန်ကုန်၊ ဧပြီ ၅

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ရုံးစဉ်ကြီးရဲစခန်းမှ အိမ်စီးကားဖြင့် ထွက်လာသော ရဲများကို ပစ်ခတ်တိုက်ခိုက်ရာ ၃ ဦးသေဆုံးခဲ့ကြောင်း Scorpions People Defense Force အဖွဲ့ထံမှ သိရသည်။

မတ်လ ၃၁ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် ရုံးစဉ်ကြီး အထိုင် ရဲစခန်းမှ ရဲ ၄ ဦးသည် အိမ်စီးကားဖြင့် တောင်သာမြို့မှ လစာထုတ်ပြီး ပြန်လာစဉ် တောင်သာမြို့နယ်နှင့် ရုံးစဉ်ကြီးရွာ အကြား တွင် တော်လှန်ရေး ရဲဘော်များက အနီးကပ် ပစ်ခတ် တိုက်ခိုက်ရာ ရဲ ၃ ဦး သေဆုံးခဲ့ပြီး ၁ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) နှင့် တောင်သာ မြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး ပစ်ခတ်မှု ဖြစ်ပွားခဲ့သည့် နေရာကို တောင်သာမြို့မှ စစ်ကား ၃ စီးဖြင့် စစ်သား အင်အား ၅၀ ခန့် လာရာက်ပြီးကာ နေအိမ် ၁ လုံးကို ၄၀ မမ ဖြင့် ပစ်ခတ် မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့နယ်၊ နန္မသွန်ဒေသ၊ ပါကလပ်နယ်မြေတွင် တိုက်ပွဲဖြစ်ပြီး စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် နေအိမ် ၆ လုံးနှင့် ဥယျာဉ်ခြံတစ်ခြံ မီးလောင်ပျက်စီးခဲ့ကြောင်း ကော့သောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

ဧပြီလ ၃ ရက်နေ့က ခမောက်ကြီး မြို့နယ်၊ နန္မသွန်ဒေသ ပါကလပ်နယ်မြေသို့ ရောက်ရှိနေသော စစ်ကောင်စီတပ်သားများကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က နံနက် ၉ နာရီခန့်တွင် တစ် ကြိမ်၊ မွန်းလွဲ ၁ နာရီခန့်တွင် တစ်ကြိမ်နှင့် ညနေ ၄ နာရီခန့်တွင် တစ်ကြိမ် တိုက်ခိုက်ခဲ့ရာ အကြမ်း ဖက်စစ်သား အများအပြား ထိခိုက်သေဆုံးမှုရှိပြီး အတိအကျသိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ကော့သောင်း(ပကဖ)၊ ဘုတ်ပြင်း(ပကဖ) ၊ နှင့် KTLAကော်သူလေးအာမီ

ပူးပေါင်းအဖွဲ့(ငါးမန်းစစ်ကြောင်း) တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိ ပြန်လည်ထွက်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်က လက်နက်ကြီးများဖြင့် ဝိုင်ဒင်းကျေးရွာအတွင်းသို့ ပစ် ခတ်ခဲ့ရာ ပြည်သူပိုင်နေအိမ် ၆ လုံးနှင့် ဥယျာဉ်ခြံတစ်ခြံ မီးလောင်ပျက်စီးဆုံးရှုံးခဲ့သည်ဟု ဆိုသည်။

ကော့သောင်းမြို့နယ်အတွင်း၌ စစ်ရေးတင်းမာလက်ရှိပြီး အချိန်မရွေးတိုက်ပွဲ ဖြစ်ပေါ်လာနိုင်သည့် အတွက် ပြည်သူများအနေဖြင့် စစ်ရေးသတိ စစ်ရေးအသိအမြဲရှိကြရန်နှင့် စစ်ကောင်စီ တပ်သား၊ စစ်သားများ နေထိုင်ရာ အဆောက်အဦများ ၊ ယာဉ်များနှင့် ဝေးဝေးသွားလာနေထိုင်ပေးကြရန် သတိပေး ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article