25 C
Yangon

ရန်ကုန်မြို့တွင် အဓမ္မစစ်သားစုဆောင်းရေးနှင့်ပတ်သက်သော အသိပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ

Must read

ရန်ကုန်မြို့တွင် အဓမ္မစစ်သားစုဆောင်းရေးနှင့်ပတ်သက်သော အသိပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ

ရန်ကုန်၊ ဧပြီ ၅

ရန်ကုန်မြို့တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ မဟာဗျူဟာမြောက် ဆက်သွယ်ရေးနှင့် ပြည်သူ့ဆက် ဆံရေးယူနစ်(SCPRU)မှ ထုတ်ဝေသည့် အဓမ္မစစ်သားစုဆောင်းရေးနှင့်ပတ်သက်သော အသိပေး လက်ကမ်းစာစောင်များကို ပြည်သူလူထုထံသို့ ဖြန့်ဝေပေးခဲ့ကြောင်း ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း)မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ ဧပြီလ ၄ ရက်နေ့တွင် အဆိုပါ လက်ကမ်းစာစောင်များကို ပြည်သူထုထံ ဖြန့်ဝေပေးခဲ့ခြင်းဖြစ် ပြီး ယင်းစာစောင်များထဲတွင် ပြည်သူလူထုအနေဖြင့် အဓမ္မစစ်သားစုဆောင်းရေးနှင့်ပတ်သက်၍သိရှိ ထားသင့်သည့်အချက်များ၊ အချိန်ကာလအလိုက်ဆောင်ရွက်သင့်သည့်အချက်များ၊ ဆက်သွယ်မေး မြန်း အကြံဉာဏ်တောင်းခံနိုင်သည့်လင့်ခ်များ၊သတင်းပေးတိုင်ကြားနိုင်သည့်လင်ခ့်များပါဝင်ကြောင်း သိရသည်။

အကြမ်းဖက်စစ်ကောင်စီ၏ အဓမ္မစစ်သားစုဆောင်းခြင်းနှင့်စပ်လျဥ်း၍ ပြည်သူလူထုတရပ်လုံး အနေ ဖြင့် နည်းပရိယာယ် အသွယ်သွယ်အသုံးပြုကာ စည်းလုံးညီညွတ်စွာဖြင့် ငုံမခံပဲ တုံ့ပြန်ကြရန် ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲအစည်း) မှ တိုက်တွန်းနှိးဆော်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article