25 C
Yangon

ချောင်းဦးမြို့တွင် ကင်းပတ်နေသည့် စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်မှု ၃ ဦး သေဆုံး

Must read

ချောင်းဦးမြို့တွင် ကင်းပတ်နေသည့် စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်မှု ၃ ဦး သေဆုံး

ရန်ကုန်၊ ဧပြီ ၆

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့ ဘောလုံးကွင်း မိန်းလမ်းထိပ်တွင် ကင်းပတ်နေသည့် အကြမ်းဖက် စစ်သားများကို မိုင်းဆွဲတိုက်ခိုက်ရာ အကြမ်းဖက် စစ်သား ၃ ဦး သေဆုံးကြောင်း ချောင်းဦး အခြေစိုက် BLDF အညာ မိုင်းတပ်ခွဲမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၅ ရက်နေ့ ညပိုင်းတွင် ချောင်းဦးမြို့ ဘောလုံးကွင်း မိန်းလမ်းထိပ်တွင် ကင်းပတ်နေသည့် အကြမ်းဖက် စစ်သားများကို BLDF အညာ မိုင်းတပ်ခွဲက မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း၊ မိုင်းဆွဲ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်သားများက လက်နက်ကြီးများဖြင့် ပြန်လည် ရမ်းသမ်း ပစ်ခတ်ခဲ့ကြောင်း သိရသည်။

“မနေ့ညက မိုင်းဆွဲတိုက်ခိုက်ခဲ့တာ ၃ ကောင်သေဆုံးတယ်။ ခွေးတစ်ကောင်ကတော့ ဗိုက်ကို ထိမှန်ပြီး တစ်ကောင်ကတော့ ပေါင်ထိတယ်ဗျ။ ၁ ဦးပွဲချင်းပြီး သေဆုံးတယ်” ဟု ချောင်းဦး အခြေစိုက် BLDF အညာ မိုင်းတပ်ခွဲက တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

အကြမ်းဖက် စစ်တပ်သည် အနောက် မအုပ်ဘော်ဒါဆောင်တွင် တပ်စွဲနေသည်မှာ တစ်ပတ်ကျော်ခန့်ရှိပြီဖြစ်ပြီး ဧပြီလ ၅ ရက်နေ့မှ စကာ ချောင်းဦးရွှေတောင်ရပ်ကွက်တွင် အင်အားတိုးတပ်စွဲနေကြခြင်းဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article