29 C
Yangon

သင်္ကန်းညီနောင် စစ်ဗျူဟာစခန်းမှ စစ်ကောင်စီအရာရှိ၊ တပ်သားနှင့် တပ်မိ သားစုဝင် စုစုပေါင်း ၆၁၇ ဦး လက်နက်ချ အညံ့ခံဟု KNU ဗဟိုက တရားဝင် ကြေညာ

Must read

သင်္ကန်းညီနောင် စစ်ဗျူဟာစခန်းမှ စစ်ကောင်စီအရာရှိ၊ တပ်သားနှင့် တပ်မိ သားစုဝင် စုစုပေါင်း ၆၁၇ ဦး လက်နက်ချ အညံ့ခံဟု KNU ဗဟိုက တရားဝင် ကြေညာ

ရန်ကုန်၊ ဧပြီ ၆

ကရင်ပြည်နယ်၊ KNU တပ်မဟာ ၆ နယ်မြေ သင်္ကန်းညီနောင် စစ်ဗျူဟာစခန်းမှ အရာရှိ ၆၇ ဦး၊ အခြားနှင့်တပ်သားအဆင့် ၄၁၀ ဦး အပါအဝင် စုစုပေါင်း စစ်ကောင်စီဘက်မှ ၆၁၇ ဦး လက်နက်ချ အညံ့ခံကြောင်း KNU ဗဟိုက ယနေ့ ညနေပိုင်းတရားဝင် သတင်းထုတ်ပြန်သည်။

သင်္ကန်းညီနောင် စစ်ဗျူဟာစခန်းကို KNLA နှင့် တော်လှန်ရေးတပ်များက သိမ်းပိုက်ပြီးနောက် စစ်ကောင်စီ၏ အရှေ့တောင်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ (သင်္ဃန်းညီနောင်) စစ်ဗျူဟာအခြေချ စခန်းတွင် အရာရှိအဆင့် ၆၇ ဦး၊ အခြားနှင့်တပ်သားအဆင့် ၄၁၀ ဦး၊ စုစုပေါင်း ၄၇၇ ဦး လက်နက်ချ အညံ့ခံခဲ့ပြီး ရဲမေ ၅၉ ဦးနှင့် တပ်မိသားစုဝင် ၈၁ ဦး စုစုပေါင်း ၁၄၀ ဦး ထပ်မံလက်နက်ချ ဝင်ရောက်လာခဲ့ကြောင်း၊ ထို့ကြောင့် လက်နက်ချအလင်းဝင်ရောက်လာသူ အရာရှိအဆင့်၊ တပ်သားများ၊ ရဲမေများနှင့် တပ်မိသားစုဝင်များ စုစုပေါင်း ၆၁၇ ဦး ရှိကြောင်း သိရှိရသည်။

သင်္ဃန်းညီနောင် စစ်ဗျူဟာအခြေချ စခန်းကို ဧပြီလ ၅ ရက်နေ့၊ နံနက် ၈ နာရီအချိန်ခန့်တွင် စတင်ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး မွန်းလွဲ ၁ နာရီအောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့ကြောင်း ၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ (သင်္ဃန်းညီနောင်) စစ်ဗျူဟာအခြေချ စခန်းကို တိုက်ခိုက်သိမ်းပိုက်ရခြင်းမှာ အရှေ့တောင်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ (သင်္ဃန်းညီနောင်) စစ်ဗျူဟာအခြေချ စခန်းရှိခြင်းကြောင့် နယ်မြေတွင်းနေထိုင်ကြသော ကရင်လူမျိုးနှင့် အခြားလူမျိုးများ၏ စီးပွားရေး၊ ပညာရေး၊ လူမှုရေးများကို ထိခိုက်ကျဆင်းစေသည့် အပြင် ရိုးရာယဉ်ကျေးမှုများလည်း ပျက်စီးပျောက်ကွယ်စေခဲ့သောကြောင့်ဖြစ်ကြောင်း၊ အထူးသဖြင့် အကြောက်တရားနှင့်နေထိုင်နေရသော လူသားများ၏ဘဝလုံခြုံမှုကင်းမဲ့ရခြင်းကို ဖြစ်ပေါ်စေခဲ့သောကြောင့်ဖြစ်ကြောင်း KNUက ထုတ်ပြန်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article