26 C
Yangon

အရာတော်မြို့နယ်ရှိ ပျူစောထီးများ အထိုင်ချတပ်စွဲထားသော သလဲဘာရွာကို လက်နက်ကြီး အလုံး ၂၀၀ ကျော်ဖြင့် ပစ်ခတ် တိုက်ခိုက်မှု ပျူစောထီး ၈ ဦးထက်မနည်းသေဆုံး

Must read

အရာတော်မြို့နယ်ရှိ ပျူစောထီးများ အထိုင်ချတပ်စွဲထားသော သလဲဘာရွာကို လက်နက်ကြီး အလုံး ၂၀၀ ကျော်ဖြင့် ပစ်ခတ် တိုက်ခိုက်မှု ပျူစောထီး ၈ ဦးထက်မနည်းသေဆုံး

ရန်ကုန်၊ ဧပြီ ၇

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်ရှိ ပျူစောထီးများ အထိုင်ချတပ်စွဲထားသော သလဲဘာရွာကို လက်နက်ကြီး အလုံး ၂၀၀ ကျော်ဖြင့် ပစ်ခတ် တိုက်ခိုက်ရာ ပျူစောထီး ၈ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း Snipe Rangers Force (Local – PDF) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၆ ရက်နေ့ ညနေ ၆ နာရီခန့်တွင် အရာတော်မြို့နယ် အတွင်းရှိ ပျူစောထီးများ အထိုင်ချ တပ်စွဲထား‌သော သလဲဘာရွာကို တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့များက For July 16 စစ်ဆင်ရေး အဖြစ် လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှုအတွင်း သလဲဘာ ပျူစောထီးရွာ မီးလောင်ခဲ့ပြီး ပျူစောထီး ၈ ဦးထပ်မနည်း ထိခိုက်သေဆုံးနိုင်ကြောင်း၊ ပျူစောထီးရွာကို တော်လှန်ရေးပူးပေါင်း တပ်ဖွဲ့များက ၆၀ မမ ၊ ၈၀ မမ ၊ Rocket များ စုစုပေါင်း အလုံးရေ ၂၀၀ ကျော်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပျူစောထီးများကလည်း လက်နက်ကြီးများဖြင့် ပြန်လည် ပစ်ခတ်ခဲ့ပြီး အပြန်အလှန် ပစ်ခတ်မှု မိနစ် အနည်းငယ် ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Snipe Rangers Force (Local – PDF) ၊ ဒေါင်းပျောက်ကျားတပ်ဖွဲ့ ၊ တွေ့မရှောင် ပြည်သူကာကွယ်ရေး တပ်ဖွဲ့၊ အညာမြေ ပြည်သူကာကွယ်ရေး တပ်ဖွဲ့ (ကျောက်ပန်းတောင်း) နှင့်တူ တော်လှန်ရေးအဖွဲ့ ၂၁ ဖွဲ့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ပြည်သူများ အနေဖြင့် မုံရွာ – ချောင်းဦး – မြင်းမူ – စစ်ကိုင်း အဝေးပြေးလမ်းမကို အရေးမကြီးလျှင် အသုံးမပြုကျရန်နှင့် အရေးကြီး ကိစ္စရပ် ရှိပါက အဖွဲ့အစည်းများကို ချိတ်ဆက် သတင်းပေးပို့ပြီး သွားကြရန် Snipe Rangers Force (Local – PDF) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက် ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article