25 C
Yangon

အောင်မင်္ဂလာအဝေးပြေးကွင်းရှေ့ မျက်နှာချင်းဆိုင်ရှိ ရန်ကုန်စစ်ထောက် လှမ်းရေးရုံးချုပ်ကို အဆင့်မြင့်တာဝေးပစ် ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်

Must read

အောင်မင်္ဂလာအဝေးပြေးကွင်းရှေ့ မျက်နှာချင်းဆိုင်ရှိ ရန်ကုန်စစ်ထောက် လှမ်းရေးရုံးချုပ်ကို အဆင့်မြင့်တာဝေးပစ် ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်

ရန်ကုန်၊ ဧပြီ ၇

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်နှင့်မြောက်ဥက္ကလာပမြို့နယ် အစပ် အောင်မင်္ဂလာအဝေးပြေးကွင်းရှေ့ မျက်နှာချင်းဆိုင်ရှိ ရန်ကုန်စစ်ထောက်လှမ်းရေးရုံးချုပ်ကို အဆင့်မြင့်တာဝေးပစ် ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခဲ့ကြောင်း Urban Special Force (U.S.F) မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလ ၆ ရက်နေ့ ည ၉ နာရီ ၈ မိနစ်အချိန် ရန်ကုန်ရှိ စစ်ကောင်စီ၏ စစ်ထောက်လှမ်းရေးရုံးချုပ်ကို တာဝေးပစ် ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါ မစ်ရှင်ကို မြို့ပြအထူးတပ်ဖွဲ့ (U.S.F) ၊ Shadow (S.A.F) နှင့်အတူ Brave Warriors For Myanmar (B.W.M ) အဖွဲ့တို့ ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

” စစ်ထောက်လှမ်းရေးရုံးချုပ်ကို အဆင့်မြှင့် တာဝေးပစ် ရှော့တိုက်ဒုံး ၃ လုံးနဲ့ ပစ်ခတ်ခဲ့ပါတယ်” ဟု မြိုပြအထူးတပ်ဖွဲ့ (USF)မှ တာဝန်ရှိသူက ရှင်းပြသည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် ဧရိယာအတွင်း ထိခိုက်၊ပျက်စီး၊သေဆုံးမှု ရှိနိုင်ကြောင်း၊ ဒေသပြည်သူများ၏ အဆိုအရ ဆေးရုံကားများ ရောက်ရှိလာပြီး တပ်အတွင်းသို့ ဝင်ရောက်သွားကြောင်း သိရှိရသည်။

စစ်ထောက်လှမ်းရေးရုံးချုပ်ကို တိုက်ခိုက်ရခြင်းမှာ အကြမ်းဖက်စစ်ကောင်စီက ပြည်သူများထံမှ မတရားသိမ်းဆည်းထားသော ပစ္စည်းဥစ္စာများကို ထောက်လှမ်းရေးရုံးချုပ်အတွင်း ထားရှိပြီး စစ်တပ်အမည်ပေါက်ဖြင့် ပြန်လည် ရောင်းချမှု၊ စစ်ရေးအရ အရေးကြီးသော ပစ်မှတ် ဖြစ်နေမှုကြောင့် တိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

“မနေ့ ည ၉ နာရီ ၁၅ မိနစ်မှာ အောင်မင်္ဂလာ အဝေးပြေးကွင်း မျက်နှာချင်းဆိုင် စစ်တပ်ဝင်းနားမှာ ဗုံးပေါက်တယ်။ ဗုံးပေါက်တဲ့အသံက အတော်ကို ကျယ်လောင်စွာကြားရတယ်။ ဗုံး ၂ လုံးက ၃ မိနစ်လောက်ခြားပေါက်တယ်။ ဗုံးပေါက်ပြီးတော့ ရေဝေးသုသာန် အဝင်လမ်း ရပ်ကွက်ထိပ်မှာ Double Cab ၂ စီး အရပ်ဝတ်၊

စစ်တပ်၊ ရဲ၊ အကုန် ဌာနပေါင်းစုံ အစုံပဲ ။ လမ်းလျှောက် / စက်ဘီး အကုန်စစ် ဖုန်းစစ်တယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ထို့ပြင် ယမန်နေ့ ညပိုင်းဗုံးပေါက်ပြီးနောက် မြောက်ဥက္ကလာ လမ်းမပေါ် အဝေးပြေးကားဝင်း မရောက်မီနေရာမှ ကန်သာယာ ပန်းခြံနားအထိ စစ်ကောင်စီက လူများ၊ ကားများကို ပိတ်ဆို့စစ်ဆေးခဲ့ကြောင်း ၊ ယနေ့ နံနက်ပိုင်းအထိ မြောက်ဥက္ကလာပမြို့နယ်၊ မင်္ဂလာဒုံမြို့နယ်နှင့် အောင်မင်္ဂလာအဝေးပြေးဝင်းအနီးကို စစ်တပ်က ဆက်လက် ပိတ်ဆို့စစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ- ယနေ့ စစ်ကောင်စီက မြောက်ဥက္ကလာပမြို့နယ်နှင့် ရန်ကုန်မြို့ နေရာအများအပြားကို ပိတ်ဆို့စစ်ဆေးနေစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article