29 C
Yangon

Breaking News- ထိုင်းနိုင်ငံနှင့် စစ်ကောင်စီတို့၏ ညှိနှိုင်းမှုအရ ရန်ကုန်-မဲဆောက်သို့ MNA လေယာဉ်များ ၃ ရက်တိတိ အရေးပေါ် ပျံသန်းမည်ဖြစ်ပြီး အကြမ်းဖျဉ်း ဧပြီ ၈ ရက်နေ့မှ ဧပြီ ၁၀ ရက်နေ့ အထိ သတ်မှတ်ထား

Must read

Breaking News- ထိုင်းနိုင်ငံနှင့် စစ်ကောင်စီတို့၏ ညှိနှိုင်းမှုအရ ရန်ကုန်-မဲဆောက်သို့ MNA လေယာဉ်များ ၃ ရက်တိတိ အရေးပေါ် ပျံသန်းမည်ဖြစ်ပြီး အကြမ်းဖျဉ်း ဧပြီ ၈ ရက်နေ့မှ ဧပြီ ၁၀ ရက်နေ့ အထိ သတ်မှတ်ထား

■ မြ၀တီတွင် ပိတ်မိနေသည့် စစ်ကောင်စီတပ်များ၊ မိသားစုဝင်များနှင့် ဝန်ထမ်းများကို ခေါ်ဆောင်မည့်အခြေအနေရှိဟု စစ်ဘက်သတင်းရင်းမြစ်ပြောဆို

ရန်ကုန်၊ ဧပြီ ၇

ထိုင်းနိုင်ငံနှင့် စစ်ကောင်စီတို့၏ ညှိနှိုင်းမှုအရ မြ၀တီမြို့တွင် ပိတ်မိနေသည့် စစ်တပ်များ၊ ဝန်ထမ်းများနှင့် တပ်မိသားစုဝင်များအားလုံးကို မဲဆောက်မှ တစ်ဆင့် ရန်ကုန်သို့ လေယာဉ်ဖြင့် ခေါ်ဆောင်ရန်ရှိနေကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

“MNA မြန်မာအမျိုးသားလေကြောင်းလိုင်းရဲ့ လေယာဉ်တွေမနက်ဖြန်ကစလို့ မဲဆောက် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ဆင်းဖို့ရှိပါတယ်။ လောလောဆယ် ၃ ရက် ရန်ကုန်-မဲဆောက် အသွားအပြန် စီစဉ်ထားပါတယ်။ နှစ်နိုင်ငံစီမံမှုပါ” ဟု မြန်မာအမျိုးသားလေကြောင်းလိုင်း၏ ထိပ်တန်းအရာရှိကြီးတစ်ဦး ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ အတည်ပြု ပြောဆိုသည်။ သို့ရာတွင် မဲဆောက်-ရန်ကုန် ပျံသန်းမည့် အကြောင်းအရာကို ထုတ်ဖော်ပြောဆိုခြင်းမပြုပေ။

MNA မြန်မာအမျိုးသားလေကြောင်းလိုင်း၏ ခရီးသည် ရာချီဆန့်သော လေယာဉ်ကြီးများက မဲဆောက်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဧပြီလ ၈ ရက်နေ့မှ ဧပြီလ ၁၀ ရက်နေ့ အထိ အသွားအပြန် ၃ ရက်တိတိ ခရီးစဉ်များကို ပျံသန်းမည်ဖြစ်ပြီး ယင်းသို့ အရေးပေါ် ပျံသန်းရန်အတွက် ထိုင်းနိုင်ငံနှင့် မြန်မာစစ်ကောင်စီတို့အကြား အပြန် အလှန် အရေးပေါ် ညှိနှိုင်းမှုများ ဆောင်ရွက်ပြီးစီးခဲ့ကြောင်း၊ ထို့ကြောင့် MNA လေယာဉ်များ ပျံသန်းရေး၊ လေယာဉ် ဝန်ထမ်းများ ရွေးချယ်ရေးများ ကြိုတင်ဆောင်ရွက်ထားပြီးဖြစ်ကြောင်း ၎င်းကပြောဆိုသည်။

နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ကမူ မဲဆောက်-ရန်ကုန် လေယာဉ်ပျံသန်းမှုသည် ပိတ်မိနေသည့် စစ်ကောင်စီဝန်ထမ်းများကို ပြန်လည် ခေါ်ယူရေးဟု သာ သိရှိထားပြီး နှစ်ဖက်ညှိနှိုင်းမှုများအရ အစီအစဉ်များ အပြောင်းအလဲ ရှိနိုင်ကြောင်း၊ စစ်ကောင်စီနှင့် ထိုင်းအစိုးရအကြား အရေးပေါ် ညှိနှိုင်းရေး လမ်းကြောင်း ဖွင့်လှစ်ထားရကြောင်း ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article