ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် စစ်ကောင်စီ၏ တရားမဝင် စစ်မှုထမ်း ဥပဒေဆန့်ကျင်ခြင်းနှင့် လေယာဉ်ဆီ ဖြတ်တောက်ရေး ချီတက် ဆန္ဒပြ
ရန်ကုန်၊ ဧပြီ ၇
ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် ဂျပန်ရောက် မြန်မာ့ ဒီမိုကရေစီ အင်အားစုများက ဦးဆောင်၍ အကြမ်းဖက် စစ်ကောင်စီ၏ တရားမဝင် စစ်မှုထမ်း ဥပဒေ ဆန့်ကျင်ခြင်းနှင့် လေယာဉ်ဆီ ဖြတ်တောက်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
အဆိုပါ ချီတက် ဆန္ဒပြပွဲကို တိုကျိုမြို့ လူစည်ကားရာ အုအဲနိုပန်းခြံ အနီးတွင် ကျင်းပပြုလုပ်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီကို လေယာဉ်ဆီ ရောင်းချနေမှု အမြန်ဆုံး ဖြတ်တောက်ပေးရန် US ၊ UK ၊ EU နိုင်ငံများနှင့် ပတ်သတ် ဆက်နွယ်လျက်ရှိသော ကုမ္ပဏီများကို အရေးယူပေးရန် တောင်းဆိုခဲ့ကြောင်းသိရသည်။