25 C
Yangon

ဘုတလင်းမြို့နှင့် မုံရွာမြို့နယ်ရှိ စစ်တပ်က တပ်စွဲထားသော နေရာများနှင့် သာစည်ရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

Must read

ဘုတလင်းမြို့နှင့် မုံရွာမြို့နယ်ရှိ စစ်တပ်က တပ်စွဲထားသော နေရာများနှင့် သာစည်ရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

ရန်ကုန်၊ ဧပြီ ၈

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ်က တပ်စွဲထားသော နေရာများနှင့် မုံရွာမြို့နယ်၊ သာစည်ရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း Chindwin Brothers တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်‌ ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဧပြီလ ၅ ရက်နေ့က ဘုတလင်မြို့ပေါ်ရှိ အကြမ်းဖက် စစ်သားများ တပ်စွဲထားရာ နေရာများကို ဒရုန်း ၄ စီးဖြင့် ဗုံးသီး ၄ လုံးကျဲချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင် ကြောင်း သိရသည်။

အလားတူ ဧပြီလ ၆ ရက်နေ့ကလည်း မုံရွာမြို့နယ်၊ သာစည်ရဲစခန်းအတွင်းကို ဒရုန်းဖြင့် ဗုံးသီး ၅ လုံး ၂ ရက်ဆက်တိုက် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုအတွင်း ဒရုန်း ၂ စီး ပျက်စီး ဆုံးရှုံးခဲ့ကြောင်း သိရသည်။

“ခွေးသေထိခိုက်မှုကတော့ မသိရသေးဘူး။ ထိခိုက်မှုကတော့ရှိနိုင်ပါတယ်။ အပြည့်အစုံမသိရသေးဘူး။ သာသစည်ရဲစခန်း ဗုံးကျဲမှုမှာက ဒရုန်း ၂ စီးဆုံးရှုံးခဲ့ပါတယ်။ တစ်စီးက Error ဖြစ်သွားတာ Jammer ကြောင့်လို့ထင်ပါတယ်။ တစ်စီးက ပြန်မလာတာ အဲလို ဒရုန်းဆုံးရှုံးသွားတဲ့အတွက် ထပ်မံဝယ်ယူနိုင်ဖို့ ပြည်သူတွေကို ပါဝင်အားဖြည့်ပေးကြဖို့ မေတ္တာရပ်ခံချင်ပါတယ်” ဟု Chindwin Brothers တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်‌ ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

အဆိုပါ တိုက်ခိုက်မှုကို Chindwin Brothers (DGF တပ်ခွဲ) ၊ မုံရွာခရိုင်တပ်ရင်း -၂၇ ၊ Lion – LPDF နှင့် နယ်မြေ ၇ တိုက်နယ်မှူးအဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ် ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article