26 C
Yangon

အခေါက်ရွှေတစ်ကျပ်သားလျှင် ၄၆ သိန်းအထိ စံချိန်တင်မြင့်တက်လာသော် လည်း စစ်တပ်က ပြဿနာရှာ ဖမ်းဆီးနေသဖြင့် စျေးကွက်တွင် ရွှေကုန်သည်များ တိမ်းရှောင်နေရ

Must read

အခေါက်ရွှေတစ်ကျပ်သားလျှင် ၄၆ သိန်းအထိ စံချိန်တင်မြင့်တက်လာသော် လည်း စစ်တပ်က ပြဿနာရှာ ဖမ်းဆီးနေသဖြင့် စျေးကွက်တွင် ရွှေကုန်သည်များ တိမ်းရှောင်နေရ

ရန်ကုန်၊ ဧပြီ ၈

ပြည်တွင်းစီးပွားရေးစျေးကွက်တွင် ၁၆ ပဲရည် အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ် ၄၆ သိန်းအထိ စံချိန်တင် ထိုးတက်သွားကြောင်း ပြည်တွင်းရွှေကုန်သည်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

ဧပြီလ ၈ ရက်နေ့ ညနေပိုင်းတွင် မီးလင်း အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ် ၄၆ သိန်းအထိ စံချိန်တင်မြင့်တက်သွားရခြင်းမှာ ကမ္ဘာ့ရွှေစျေး စံချိန်တင်ထိုးတက်နေခြင်းကြောင့်အဓိကဖြစ်ပြီး မြန်မာ့ရွှေစျေးမှာ စစ်ကောင်စီက ဖမ်းဆီးအရေးယူမှုများကြောင့် အလွန်အမင်းထိုးတက်ခြင်းမရှိကြောင်း၊ စစ်တပ်နှင့်စသုံးလုံးက ဖမ်းဆီးမှုများ လုပ်ဆောင်နေသဖြင့် ရွှေကုန်သည်တချို့ တိမ်းရှောင်နေရကြောင်း သိရှိရသည်။

“ကမ္ဘာ့ရွှေစျေးက ရွှေတစ်အောင်စကို အမေရိကန်ဒေါ်လာ ၂၃၄၈ အထိ ထိုးတက်နေတယ်။ မြန်မာ့ရွှေစျေးက အများကြီး ထိုးမတက်နိုင်ဘူး။ အရွက်စျေးလည်း ငြိမ်နေတယ်။ အဓိက စစ်တပ်နဲ့ စသုံးလုံးက လိုက်ဖမ်းနေတာကြောင့် စျေးမတက်နိုင်တာ။ အရောင်းအဝယ်ကလည်း မီးလင်းရွှေကို အရောင်းအဝယ်မလုပ်ရဲကြဘူး။ ရွှေကုန်သည်တွေ တချို့ တိမ်းရှောင်နေရတယ်။ ခင်ဗျားတို့လည်း ကြားမှာပေါ့ ရွှေဆိုင်တွေနဲ့ ရွှေသန့်စင်တဲ့ ဖိုတွေ အရေးယူခံနေရတာ။ အခု ရွှေစျေး ၄၆ သိန်းဆိုတာက တကယ်ဆိုရင် သိန်း ၅၀ အထိက အသာလေး တက်မယ့် အခြေအနေ။ စစ်တပ်က စျေးကွက်ကို ဝင်ပြီး ထိန်းချုပ်ထားလို့ ကုန်သည်တွေ လန့်ပြီး ပြေးနေရတော့ အရောင်းအဝယ်တွေက ရပ်သလောက်ဖြစ်နေတယ်” ဟု ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်တစ်ဦးက ပြောဆိုသည်။

လတ်တလော ရွှေဆိုင်များတွင်လည်း ရွှေအရောင်းအဝယ်လုပ်ရာတွင် အခြေအနေကို ကြည့်၍ အရောင်းအဝယ်လုပ်နေရပြီး နီးစပ်သော စသုံးလုံးနှင့် စစ်တပ်ကို လာဘ်ငွေပေး၍ အရေးယူခံရမှုမှ ကင်းလွတ်ရေး လုပ်ဆောင်နေရကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article