32 C
Yangon

ညောင်လေးပင်ခရိုင်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦးသေဆုံးပြီး နေအိမ်များထိခိုက်ပျက်စီး

Must read

ရန်ကုန်၊ ဧပြီ ၉

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၁ ဦးသေဆုံးပြီး နေအိမ်များထိခိုက်ပျက်စီးခဲ့ကြောင်း KNU ဗဟိုထံမှ သိရသည်။

ဧပြီလ ၅ ရက်နေ့ နံနက် ၉ နာရီ ၂၀ မိနစ်ခန့်တွင် လယ်ဒိုမြိုနယ်၊ ကုန်းကျောင်းဝရှိ အကြမ်းဖက် စစ်တပ်၏ ခလရ−၃၀၇ တပ်ရင်းက ၁၅၅ မမ ဟောင်ဝှစ်ဇာ လက်နက်ကြီး ၂ လုံးဖြင့် ကေလာသ ကို သို့ ပစ်ခတ်ခဲ့ကြောင်း၊ ဧပြီလ ၆ ရက်နေ့ ည ၆ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်က ၁၅၅ မမ ဟောင်ဝှစ်ဇာ လက်နက်ကြီး ၅ လုံးဖြင့် ပစ်ခတ်ခဲ့ရာ ဘုရားကြီးကျေးရွာအတွင်း ကျရောက် ပေါက်ကွဲခဲ့ပြီး အသက် ၃၅ နှစ်အရွယ် နော်ဆိဆိ လက်နက်ကြီး ထိမှန်သေဆုံးခဲ့ပြီး ဖီးနော်ဒွဲ၏ နေအိမ်လည်း လက်နက်ကြီး ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။

ဧပြီလ ၇ ရက်နေ့ နံနက် ၄ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်၏ ၁၅၅ မမ ဟောင်ဝှစ်ဇာ လက်နက်ကြီး ၂ လုံး ပစ်ခတ်ခဲ့ရာ ပဒဲကောကျေးရွာအတွင်း ကျရောက် ပေါက်ကွဲခဲ့ပြီး ဦးသောင်းရွှေ၏ နေအိမ် လက်နက်ကြီးထိမှန်ပျက်စီးခဲ့ကြောင်း၊ ဧပြီလ ၈ ရက်နေ့ နံနက် ၈ နာရီ ၄၂ မိနစ်ခန့်တွင် ကုန်းကျောင်းဝရှိ အကြမ်းဖက် စစ်တပ်က ၁၅၅ မမ ဟောင်ဝှစ်ဇာ လက်နက်ကြီး ၂ လုံးဖြင့် ကေလာသအရှေ့ဘက်ကို ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

ဧပြီလ ၆ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်ခန့်တွင် ညောင်လေးပင်မြို့နယ်၊ အင်းဝိုင်းကျေးရွာ ရေကြည်ချောင်းတံတားရှိ အကြမ်းဖက် စစ်တပ်က ၈၁ မမ လက်နက်ကြီးများဖြင့် ၆ ကြိမ် ပစ်ခတ်ခဲ့ရာ ညောင်လေးပင်မြို့နယ် အင်းပလွဲကျေးရွာ နှင့် ရွှေကျင် မြို့နယ် သက္ကယ်ကုန်းကျေးရွာတို့ကို ကျရောက်ပေါက်ကွဲခဲ့ပြီး သက္ကယ်ကုန်းကျေးရွာရှိ နွားတင်းကုတ်နှင့် နေအိမ် ၁ လုံး ပျက်စီးခဲ့ကြောင်း သိရသည်။

ဧပြီလ ၈ ရက်နေ့ နံနက် ၆ နာရီခန့်တွင် ကွင်းဒလလေး ဘုန်းကြီးကျောင်းရှေ့လမ်းပေါ်တွင် အကြမ်းဖက် စစ်တပ်က ထောင်းထားခဲ့သော မြေမြှုပ်မိုင်းကို ကျွန်စုရွာသား အသက် ၄၃ နှစ်အရွယ် ဦးကျော်မိုး နင်းမိပြီး ပေါက်ကွဲခဲ့သောကြောင့် ညာဘက် ခြေထောက်ပျက်ကာ ဘယ်ဘက် လက်ကောက်ဝတ်တွင် ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article