25 C
Yangon

လောင်းလုံးမြို့ပေါ်ရှိ လဝကရုံး၌ တပ်စွဲထားသော စစ်သားများကို အနီးကပ် ဝင်ရောက် ပစ်ခတ်မှု စစ်တပ်ဘက်မှ ၅ ဦးသေဆုံး

Must read

ရန်ကုန်၊ ဧပြီ ၉

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့ပေါ်ရှိ လဝကရုံး၌ တပ်စွဲထားသော အကြမ်းဖက် စစ်သားများကို အနီးကပ် ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ရာ အကြမ်းဖက် စစ်တပ်ဘက်မှ ၅ ဦးသေဆုံးခဲ့ကြောင်း လောင်းလုံးမြို့နယ် PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၈ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နှင့် ပူးပေါင်းအဖွဲ့များက လောင်းလုံးမြို့ပေါ်ရှိ လဝကရုံး၌ တပ်စွဲထားပြီး ပြည်သူများကို အတင်းအဓမ္မ ဖမ်းဆီး ငွေညှစ် ဓါးမြတိုက်နေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများရှိရာ ဘန်ကာကို အနီးကပ် ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်သား ၅ ဦး သေဆုံးပြီး ၃ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ တိုက်ခိုက်မှုသည် အပြန်အလည် ပစ်ခတ်မှု မိနစ် ၄၀ ခန့် ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်သားများက ၄၀ မမ ၊ ၆၀ မမ နှင့် စက်ကလေးများဖြင့် ပြန်လည် ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို လောင်းလုံး (ပကဖ) လိပ်ပြာတပ်စုလောင်းလုံး (ပကဖ) ကင်းမြှီးကောက်ပြောက်ကျားတပ်စုနှင့် ဓူဝံကြယ် တပ်ဖွဲ့၊ Modern Punk အဖွဲ့ နှင့် Student Revolutionary Force အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article