25 C
Yangon

ဆီဆိုင်မြို့နယ်၊ တွေပူးကျေးရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ၁၀ တန်းကျောင်းသူ ၁ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရ

Must read

ရန်ကုန်၊ ဧပြီ ၉

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ တွေပူးကျေးရွာကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီး ဖြင့် ပစ်ခတ်ခဲ့ရာ ၁၀ တန်းကျောင်းသူ တစ်ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း PNLA က ပြောဆိုသည်။

ယမန်နေ့ ဧပြီလ ၈ ရက် နံနက် ၁၀ နာရီ မိနစ် ၃၀ အချိန်ခန့်က ဆီဆိုင်မြို့နယ် ဆိုက်ခေါင်စံပြ ကျေးရွာ နှင့် လွယ်ပွတ်ကျေးရွာတို့အတွင်း၌ တပ်စွဲထားသော အကြမ်းဖက်စစ်သား၊ လက်အောက်ခံ ပြည်သူ့ စစ်များက တွေပူးကျေးရွာအတွင်းသို့ အကြောင်းမဲ့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ ကြောင်း သိရသည်။

ထိုသို့ ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် တွေးပူကျေးရွာနေ ၁၀ တန်းကျောင်းသူဖြစ်သည့် နန်းစိန်မြမှာ လက်နက်ကြီးထိမှန် သေဆုံးခဲ့ရပြီး ၎င်း၏ သူငယ်ချင်း ကျောင်းသူ ၂ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article