33 C
Yangon

ပခုက္ကူ ခလရ ၂၅၂ တပ်မှ တပ်သား ၂ ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်မှု ငွေကျပ် သိန်း ၆၀ ချီးမြှင့်၊ ကော့ကရိတ်မြို့နယ်တွင်လည်း စစ်သား တပ်သား ၂ ဦး လက်နက်များ ယူဆောင်လာပြီး အလင်းဝင်

Must read

ပခုက္ကူ ခလရ ၂၅၂ တပ်မှ တပ်သား ၂ ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်မှု ငွေကျပ် သိန်း ၆၀ ချီးမြှင့်၊ ကော့ကရိတ်မြို့နယ်တွင်လည်း စစ်သား တပ်သား ၂ ဦး လက်နက်များ ယူဆောင်လာပြီး အလင်းဝင်

ရန်ကုန်၊ ဧပြီ ၁၀

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်အခြေစိုက် ခလရ ၂၅၂ တပ်မှ တပ်သား ၂ ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်း ဝင် လာသဖြင့် ငွေကျပ် သိန်း ၆၀ ချီးမြှင့်ကြောင်း ရေစကြိုမြို့နယ် Southern YSO PDF အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

အလင်းဝင်လာသူ ၂ ဦးသည် အသက် ၂၀နှစ် အရွယ် တပ်သား အောင်ဆန်းလင်း နှင့် အသက်၁၈နှစ် အရွယ် အောင်သက်ပိုင် ဖြစ်ပြီး ဧပြီ ၅ ရက်နေ့တွင် MA 1 ၁ လတ် ကျည်ဘောက်တစ်ခု၊ 5.56ကျည် ၂၅ တောင့် တို့နှင့်အတူ လက်နက်အပ် အလင်းဝင်ရောက်လာခဲ့ကြောင်း၊ ၎င်းတို့နှစ်ဦးကို ဂုဏ်ပြုဆုငွေ သိန်း ၆၀ ချီးမြှင့်ပြီး လွတ်မြောက်နယ်မြေတစ်ခုသို့ပို့ဆောင်ခဲ့ကြောင်း သိရှိရသည်။

လက်ရှိတွင် ရေစကြို Southern YSO PDF အဖွဲ့ထံသို့ စစ်သား ၂ ဦး၊ ရဲ၂ ဦး စုစုပေါင်း ၄ ဦးအထိ လက်နက်အပ်အလင်းဝင်ရောက်လာခဲ့ပြီဖြစ်ပြီး အလင်းဝင်လိုသူများအနေဖြင့် တယ်လီဂရမ် https://t.me/Southernyso1122/23 သို့ ဆက်သွယ်နိုင်ကြောင်း သိရှိရသည်။

အလားတူ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သား ၂ ဦး လက်နက်များ ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း နဂါးဖြူတပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၂၂ ရက်နေ့နှင့် ဧပြီလ ၅ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်၏ သထုံ တပ်မ ၄၄ လက်အောက်ခံ ခမရ ၂ မှ စစ်သား ၂ ဦးသည် လက်နက် ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်လာသောကြောင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊တောင်ပိုင်းတိုင်း စစ်ဒေသခွဲ ၃ ၊ နဂါးဖြူစစ်ကြောင်း ကိုဆန်းဒေး ဦးဆောင်သော တပ်ခွဲ ၂ က အလင်းဝင်လာသော စစ်ကောင်စီတပ်သား ၂ ဦးကို လက်ခံ ကြိုဆိုခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်ကောင်စီ တပ်သား ၂ ဦးသည် MA-1 သေနတ် ၂ လက်၊ ကျည်ဘောက် ၁၀ ခု၊ ကျည်တောင့် ၄၂၀ ၊ လက်ဗစ်ဗုံး ၃ လုံး ယူဆောင်လာခဲ့ကြောင်း၊ လက်ရှိချိန်တွင် အလင်းဝင်လာသော စစ်ကောင်စီ တပ်သား ၂ ဦး ကို လုံခြုံသည့် နေရာ၌ ကောင်းမွန်စွာ ထားရှိပြီး CDM မူဝါဒနှင့်အညီ ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

“နဂါးဖြူတပ်ရင်းကို လက်နက်နဲ့တကွ အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားနှစ်ဦးရှိလာပါတယ်။ ပြည်သူဘက်ရပ်တည်လာတာ ပြည်သူ့ကာကွယ်ရေးတပ်မတော်ထံ ခိုလုံ အလင်းဝင်လာတဲ့ ရဲဘော်တွေကို နဂါးဖြူစစ်ကြောင်း တာဝန်ရှိသူများက နွေးနွေး ထွေးထွေး ဘေးကင်းစွာ ကြိုဆို ဂုဏ်ပြုပြီး လုံခြုံစွာ လက်ခံစောင့်ရှောက်ထားပါတယ်” ဟု နဂါးဖြူတပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article