25 C
Yangon

အရာတော်မြို့ပေါ်တွင် စစ်မှုထမ်း ဥပဒေဖြင့် လူစုဆောင်းနေသော အုပ်ချုပ်ရေးမှူး အောင်ကြည် ပစ်ခတ်ခံရပြီး သေဆုံး

Must read

အရာတော်မြို့ပေါ်တွင် စစ်မှုထမ်း ဥပဒေဖြင့် လူစုဆောင်းနေသော အုပ်ချုပ်ရေးမှူး အောင်ကြည် ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ ဧပြီ ၁၀

စစ်ကိုင်းတိုင်း၊ အရာတော်မြို့ပေါ်တွင် စစ်မှုထမ်း ဥပဒေဖြင့် လူစုဆောင်းနေသော အုပ်ချုပ်ရေးမှူး အောင်ကြည်ကို ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း Danger Force LPDF တပ်ဖွဲ့ထံမှ သိရသည်။

ယမန်နေ့ ဧပြီလ ၉ ရက် နံနက် ၈ နာရီ ၄၅ မိနစ်ခန့်က အရာတော်မြို့၊ အမှတ် ၁ ရပ်ကွက်အုပ်ချုပ်ရေးမှူး အောင်ကြည်သည် လက်ဖက်ရည် ဆိုင်မှ နေအိမ်သို့ ပြန်လာစဉ်လမ်း၌ SIG သေနတ်၂ လက် ဖြင့် ပစ်ခတ်ရှင်းလင်းခဲ့ရာ သေဆုံးသွားကြောင်း သိရသည်။

သေဆုံးသူ အောင်ကြည်သည် စ.ခ.တ ၁၀ တပ်တွင် တပ်ကြပ်ကြီးအဆင့်အထိတာဝန်ထမ်းဆောင်ခဲ့ ပြီး အငြိမ်းစားယူကာ အရာတော်မြို့ အမှတ် ၁ ရပ်ကွက်တွင် အုပ်ချုပ်ရေးမှူးအဖြစ် လုပ်ကိုင်နေသူ ဖြစ်ကြောင်း၊ ၎င်းသည် မြို့ပေါ်ရပ်ကွက်မှ လူငယ် ၁၅ ဦးကို စစ်မှုထမ်းရန် ဆင့်ခေါ်စာပို့ကာ ဖိအား ပေးကာ အကြမ်းဖက်စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေ အကောင်အထည်ပေါ်စေရန် တက်ကြွစွာလုပ် ဆောင်နေသူဖြစ်သဖြင့် ပစ်ခတ်ရှင်းလင်းခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ လုပ်ဆောင်မှုကို Danger Force LPDF၊ အရာတော်မြို့နယ်မဟာမိတ် LPDF တပ်ဖွဲ့ ၂ ဖွဲ့ နှင့် မုံရွာခရိုင်ပကဖ တို့ ပူးပေါင်းကာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article